top of page

NGOsနှင့် INGOs အဖွဲ့အစည်းများကို စီစစ်ကြပ်မတ်ရန် အစိုးရအဖွဲ့အစည်းမှ အကြောင်းကြားစာ ပေးပို့ထား

  • Writer: Pajau Media
    Pajau Media
  • Aug 4, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၄၊ ၈၊ ၂၀၂၄။



ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ အစိုးရရုံး ဌာနဆိုင်ရာရုံးခွဲများတွင် အစိုးရမဟုတ်သောအဖွဲ့အစည်းများ(NGOs)နှင့် အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သောအဖွဲ့အစည်းများ(INGOs)များကို စီစစ်ကြပ်မတ်ပေးရန် အသိပေးအကြောင်းကြားလာကြောင်း သိရသည်။


အကြောင်းအရာ အမျိုးမျိုးဖြင့် လုပ်ဆောင်နေသော အစိုးရမဟုတ်သောအဖွဲ့အစည်းများ(NGOs)နှင့် အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သောအဖွဲ့အစည်း(INGOs)များမှာ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများ၏ လုပ်ငန်းစဉ်များကို အနှောက်အယှက်ပေးနိုင်သော အဖွဲ့အစည်းများ ဖြစ်သည့်အတွက် စီစစ်ကြပ်မတ်ပေးရန် ညွှန်ကြားထားကြောင်း သိရသည်။


ယင်းအကြောင်းကြားစာနှင့် ဆက်စပ်၍ မြစ်ကြီးနားမြို့မှ အစိုးရမဟုတ်သော အဖွဲ့အစည်းများထံ မေးမြန်းကြည့်ရာ ယနေ့အချိန်ထိ သတိပေးအကြောင်းကြားစာ တစ်စုံတစ်ရာမှ မရောက်ရှိသေးကြောင်း ပြောဆိုထားသည်။


အဆိုပါ အသိပေးအကြောင်းကြားစာမှာ ပြီးခဲ့သည့် ဇူလှိုင်လ၂၅ရက်နေ့တွင် မြစ်ကြီးနားမြို့ရှိ အစိုးရဌာနဆိုင်ရာရုံးခွဲများတွင် ပေးပို့လာခြင်း ဖြစ်ကြောင်း သိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page