top of page

One Championship ရဲ့ One 171 ပွဲစဉ်တွင်ပထမအချီမှာတင် အလဲထိုးဖြင့် ထပ်မံရှုံးပွဲကြုံတွေ့ခဲ့ရတဲ့ အောင်လအင်ဆန်

  • Writer: Pajau Media
    Pajau Media
  • Feb 21, 2025
  • 1 min read

ပါဂျောင်မီဒီယာ ။

၂၁ရက်၊ဖေဖော်ဝါရီ၊၂၀၂၅။




ဖေဖော်ဝါရီ ၂၀ရက် ညနေပိုင်း ကာတာနိုင်ငံမှာ ကျင်းပတဲ့ One Championship ရဲ့ သိုင်းပေါင်းစုံ အားကစား MMA ပွဲစဥ် One 171 မှာ ကချင်ဖိုက်တာကြီး အောင်လအင်ဆန် အနေနဲ့ ရှမေးအာဒိုဂန် ကိုထပ်မံရှုံးနိမ့်ခဲ့ပါတယ်။


ပွဲစဥ်် အစတွင် အောင်လ အနေနဲ့ လက်သီးထိုးချက်တို့ ဖြင့် အသာဆီးရ ရန်ကြိုးစားသော်လည်း ပထမအချီ ၂၈ စက္ကန့် မှာတင် ရှမေးအာဒိုဂန် ၏ ဘယ်ခြေကန်ချက် ဖြင့် အလဲထိုး ရှုံးနိမ့်ခဲ့ တာဖြစ်ပါတယ်။


အောင်လအင်ဆန် နှင့် ရှမေးအာဒိုဂန် တို့ဟာ ပြီးခဲ့သည့် ၂၀၂၄ စက်တင်ဘာလ တွင် တစ်ကြိမ် ထိုးသတ်ခဲ့ ပြီး အောင်လ အနေနဲ့ ဒုတိယအချီအရောက်တွင် အလဲထိုးနှင့် ရှုံးနိမ့်ခဲ့ တာဖြစ်ပါတယ်။


ဒုတိယအကြိမ် မကြေပွဲ တွင်လည်း ပထမ အချီ မှာတင် အလဲထိုး ရှုံးနိမ့် ခဲ့တာဖြစ်ပြီး အောင်လပြိုင်ဘက် တူရကီနိုင်ငံသား ရှမေးအာဒိုဂန် ကတော့ ၁၀ ပွဲ ကနေ ၁၁ပွဲ အနိုင် နဲ့ ရှုံပွဲမရှိ စံချိန်တင်ထားနိုင်ပါပြီ။


သတင်း-ဇော်မိုင်


Comments


Pajau Media

Thanks for subscribing!

bottom of page