top of page

World Fish နှင့် KFF တို့ ပူးပေါင်းပြီး ကချင်ပြည်နယ်ရှိ ငါးမွေးတောင်သူများကို ငါးဆေးထိုး သားဖောက် သင်တန်းပေးနေသည့် သတင်းဓာတ်ပုံ ဖြစ်သည်။

  • Writer: Pajau Media
    Pajau Media
  • Apr 5, 2024
  • 1 min read

ပါဂျောင်မီီဒယာ

၅ရက်၊ဧပြီလ၊၂၀၂၄ခုနှစ်။


ကချင်ပြည်နယ် မိုးကောင်း၊ ဝိုင်းမော်၊ မြစ်ကြီးနားမြို့နယ်များမှ ငါးမွေးတောင်သူ (၁၀) ဦးကို ယနေ့ ဧပြီလ ၅ရက်နေ့တွင် World Fish နှင့် KFF တို့ ပူးပေါင်း၍ ငါးဆေးထိုး သားဖောက်ခြင်း လက်တွေ့ သင်တန်းပြုလုပ်ခဲ့သည်။


 မန္တလေး (World Fish) ရုံးချုပ်မှ တာဝန်ခံ ဆရာအောင်ဇော်ဝင်းက “ငါးမျိုးစိတ်တွေကို ထိန်းသိမ်းဖို့နှင့် ဒေသအတွင်း ငါးမျိုးတွေ ပေါများအောင် ဒီသင်တန်းကို လုပ်ပေးရခြင်း ဖြစ်တယ်။ တောင်သူတွေ ကိုယ်တိုင် ပါဝင်လုပ်ကိုင်တတ်မှ ငါးကို ဖောဖောသီသီ ရနိုင်မယ်။ ဒီလိုရည်ရွယ်ချက်တွေကြောင့် ဒီသင်တန်းကို ပြုလုပ်ရခြင်းဖြစ်တယ်” လို့ ပြောပါတယ်။


ငါးဆေးထိုး သားဖောက်ခြင်း သင်တန်းကို ၄ရက်နေ့ နံနက်ပိုင်းတွင် မြစ်ကြီးနား (World Fish) ရုံးမှ တာဝန်ခံ ဆရာယုမောင်က စာတွေ့သင်းပေးခဲ့ပြီး၊ ညနေပိုင်းမှာတော့ MFF (Kachin ) မှ လုပ်ငန်းတာဝန်ခံ ဆရာဦးဖော်ယူး တူးမြတ်၏ ငါးမွေးမြူရေးခြံတွင် လက်တွေ့ သင်ကြားပေးခဲ့သည်။


လက်တွေ့ပြုလုပ်ရာတွင် ဆေးထိုးခြင်းကာ ငါးအထီးအမရွေးချယ်ခြင်း၊ အလေးချိန် ချိန်ခြင်း၊ သင့်တော်သော ဆေးရအောင် ဆေးစပ်ခြင်းနှင့် ငါးဆေးထိုးခြင်းများကို လက်တွေ့ ပြုလုပ်ခဲ့သည်။


သတင်းဓါတ်ပုံ - လေပြေ




Comments


Pajau Media

Thanks for subscribing!

bottom of page