top of page

World Kachin Congress (WKC) မှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် (scholarship) ပညာသင်ဆုလျှောက်လွှာများစတင်လက်ခံ

  • Writer: Pajau Media
    Pajau Media
  • 6 hours ago
  • 1 min read

ပါဂျောင်မီဒီယာ။

၂၀ရက်၊မေလ၊၂၀၂၅။




World Kachin Congress (WKC) မှ ကူညီထောက်ပံ့ပေးသွားမည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် scholarship ပညာသင်ဆု လျှောက်လွှာကို စတင်လက်ခံနေပြီဖြစ်ကြောင်း သိရသည်။


ပညာသင်ဆုလျှောက်လွှာကို ယမန်နေ့ မေလ ၁၉ရက်နေ့ကတည်းက စတင်လက်ခံနေပြီး၊ လာမည့်ဇွန်လ ၁၅ရက်နေ့တွင် လျှောက်လွှာလက်ခံခြင်း နောက်ဆုံးထား ပိတ်မည်ဖြစ်ကြောင်းနှင့် ဇွန်(၃၀)ရက်နေ့မှာတော့ အင်တာဗျူးဖြေဆိုရန် ရွေးချယ်ခံရသူများ၏ နာမည်စာရင်း ကြေညာသွားမည်ဖြစ်ကြောင်းသိရသည်။


WKCအဖွဲ့အစည်းထံ လျှောက်လွှာတင်နိုင်သူများမှာ KIO/KIAထိန်းချုပ်နယ်မြေ မိုင်ဂျာယာန်မြို့ရှိ Institute Of Liberal Arts and Sciences –(ILAS)၊ Mai Ja Yang College၊ Mai Ja yang Institute of Education – (MIED)နှင့် Federal Law Academy -Mai Ja Yang ကျောင်းများတွင် ပညာသင်ကြားဆည်းပူးရန် ကြိုးပမ်းနေသူများ၊ ကချင်အမျိုးသားရေး ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ရာတွင် ပါဝင်ဆပ်ကပ်နိုင်သူများ လျှောက်လွှာတင်နိုင်ကြောင်း သိရသည်။


အင်တာဗျူးဖြေဆိုရန် ရွေးချယ်ခံရသူများမှာ ဇူလှိုင်လ၁ရက်နေ့မှစ၍ ၁၅ရက်နေ့အထိ ဖြေဆိုရမည်ဖြစ်ပြီး၊ ပညာသင်ဆုရရှိသူများ၏ အမည်စာရင်းကိုတော့ ဇူလှိုင်လကုန်(၃၀)ရက်နေ့တွင် ထုတ်ပြန်ကြေညာသွားမည်ဟု ဆိုသည်။


ထို့အပြင် ပညာသင်ဆု လျှောက်လွှာများကို အွန်လိုင်းမှတစ်ဆင့် WKC facebook pageတွင်လည်း ဒေါင်းလုတ်လုပ်ခြင်းဖြင့် ရယူနိုင်သလို WKC website မှလည်း ရယူနိုင်ကြောင်းနှင့် မိုင်ဂျာယာန်မြို့ရှိ Karum Zinghkri(KRZ)ရုံးမှာလည်း ရယူနိုင်သည်။


WKC မှ ပညာသင်ဆု(scholarship) ကူညီထောက်ပံ့လာသည်မှာ ၂၀၂၁-၂၀၂၂ပညာသင်နှစ်မှစပြီး စတင်ကူညီထောက်ပံ့လာခြင်းဖြစ်ရာ ယခုနှစ်၂၀၂၅-၂၀၂၆ပညာသင်နှစ်တွင် ၅နှစ်ရှိလာပြီဖြစ်ကြောင်း သိရသည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page