top of page

ကြားကာလပညာရေးကျောင်းများ ပညာသင်နှစ်ကာလ ပြောင်းလဲသင်ကြားနေ

  • Writer: Pajau Media
    Pajau Media
  • Aug 22, 2024
  • 1 min read

ပါ‌‌ဂျောင်မီီဒယာ

၂၂၊ ၈၊၂၀၂၄။



ree

ကချင်ပြည်နယ်အတွင်း ပြင်းထန်နေသော တိုက်ပွဲများကြောင့် အသင်းတော်တွင် အခြေပြုသည့် ကြားကာလပညာရေးကျောင်းများသည် ယခင်နှစ်များကဲ့သို့ ၂၀၂၄-၂၀၂၅ပညာသင်နှစ်အပြည့် မသင်ကြားနိုင်ပဲ လာမည့် အောက်တိုဘာလတွင် ကျောင်းပိတ်မည်ဖြစ်ကြောင်း သိရသည်။


ကြားကာလပညာရေးကျောင်းများကို နှစ်စဉ်ဖေဖော်ဝါရီလတွင် နွေရာသီကျောင်းပိတ်ပေမယ့်၊ ၂၀၂၄-၂၀၂၅ပညာသင်နှစ်ကိုတော့ လက်ရှိကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် အောက်တိုဘာလတွင် ကျောင်းပိတ်နိုင်ရန် လုပ်ဆောင်နေကြောင်း သိရသည်။


အသင်းတော်အခြေပြု စာသင်ကျောင်းများဖြစ်သည့် ကြားကာလပညာရေးကျောင်းများကို နိုင်ငံ‌ရေးမတည်ငြိမ်မှုကြောင့် ယခင်နှစ်ထက်စောကာ ကျောင်းပိတ်မည်ဖြစ်သဖြင့် ကျောင်းသားများ စာသင်ကြားရေးတွေ အနှောက်အယှက်ဖြစ်ပြီး စာမကြေဖြစ်မည်ကို စိုးရိမ်ရသည်ဟု မိဘတစ်ဦးက ပြောသည်။


“ဒီနှစ် ပညာသင်နှစ်မှာက နိုင်ငံရေးမကောင်းတော့ ကျောင်းကို မြန်မြန်ပိတ်ဖို့ လုပ်နေကြတာ။ ကလေးတွေက သူတို့သိသင့်သလောက် မသင်ကြားနိုင်မှာကို စိုးရိမ်နေတာ။ အချိန်တိုအတွင်း သင်ခန်းစာကို ပြတ်အောင်သင်ရတော့ စာမကြေမှာကိုလဲ စိုးရိမ်ရတယ်။ ပြီးတော့ နောက်နှစ်တွေမှာ အတန်းတက်သွားပေမယ့် စာမလိုက်နိုင်မှာတွေ စိုးတယ်။ မိဘတွေအနေနဲ့က ပညာသင်နှစ်အပြည့် တက်စေချင်တယ်။ ကလေးတွေ ပညာရေးမှာ နောင့်နှေးလာမှာကို စိုးရိမ်မိတယ်။”


ကြားကာလပညာရေးကျောင်းများကို ယခင်နှစ်များတွင် နေ့တစ်ဝက်အထိသာ ဖွင့်လှစ်သင်ကြားပြီး နောက်တစ်နှစ် ဖေဖော်ဝါရီလမှသာ နွေရာသီကျောင်းပိတ်လေ့ရှိပေမယ့်၊ ယခုနှစ်မှာတော့ အောက်တိုဘာလတွင် ပညာသင်နှစ်ပြီးဆုံးမည်ဖြစ်သောကြောင့် နံနက်၉နာရီအချိန်မှ ညနေသုံးနာရီခွဲအချိန်အထိ ပြောင်းလဲသင်ကြားနေသည်ဟု ဆိုသည်။


ကြားကာလပညာရေးကျောင်းများသည် တိုင်းပြည်အာဏာသိမ်းခံရသည့် ၂၀၂၁ခုနှစ်မှစပြီး ကလေးငယ်များပညာရေးတွင် နောက်မကျစေရန် ကချင်နှစ်ခြင်းအသင်းတော်မှ အခြေပြုပြီး ကျေးရွာနှစ်ခြင်းအသင်းတော်တိုင်းတွင် ဖွင့်လှစ်သင်ကြားနေသည့် ကျောင်းဖြစ်သည်။


Comments


Pajau Media

Thanks for subscribing!

bottom of page