top of page

ကူညီမည့်သူမဲ့နေသော မြစ်ကြီးနားမြို့မှ မတော်တဆထိခိုက်မှုများ

  • Writer: Pajau Media
    Pajau Media
  • Jul 29, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂၉၊ ၇၊ ၂၀၂၄



ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက် ဇေယျာမင်းဆီဆိုင်ရှေ့တွင် ယမန်နေ့ ညနေပိုင်း ၄နာရီခွဲခန့်တွင် အသက် ၅၀ ကျော်အမျိုးသားတစ်ဦး ဆိုင်ကယ်တိမ်းမောက်မှုဖြစ်ပွားခဲ့သည်။


ကချင်ပြည်နယ်တွင် ဇူလိုင်လ ၂၁ ရက်နေ့မှစ၍ အင်တာနက်လိုင်းများ ဖုန်းလိုင်းများ ဖြတ်တောက်ထားသောကြောင့် မတော်တဆထိခိုက်မှုများအတွက် ဒေသခံများမှ လူမှုကယ်ဆယ်ရေးအဖွဲ့နှင့် လူနာတင်ယာဉ်များ အကူအညီခေါ်ပေးနိုင်ရန် ကြိုးစားနေသော်လည်းမခေါ်နိုင်ခဲ့ပါ။


ထိုအမျိုးသားမှာ ဓါဏ်ရာပြင်းထန်နေသောကြောင့် အနီးရှိ ရပ်ကွက်နေပြည်သူများ ကိုယ်ထူကိုယ်ထကူညီနိုင်ရန် ဆေးဝါးနှင့် ကျွမ်းကျင်မှုမရှိသောကြောင့် မကူညီနိုင်ခဲ့ကြောင်း ဒေသခံတစ်ဦးမှ ပါဂျောင်မီဒီယာသို့ပြောကြားခဲ့သည်။


ထိုနောက်တွင် ဆေးရုံ ကျန်းမာရေးဝန်ထမ်းတစ်ဦးမှ လဲကျနေသူကို တွေ့နေသော်လည်း မကူညီရဲပါ။ အကယ်၍ကူညီခဲ့လျှင် အမှုပတ်မည်ဆိုး၍ ဆိုပြီး ထိုလူနာအား အခင်းဖြစ်သည့်နေရာတွင်သာပစ်ထားခဲ့သည်။ ယခုချိန်ထိ ထိုလူနာမှာ အသက်ရှင်မရှင် မသိရှိရသေးပါ။


အလားတူပင် ထိုညနေတွင် ကား မတော်တဆထိခိုက်မှု ထပ်မံဖြစ်ပွားခဲ့ပြီး ကားတစ်စီးမှာ လုံးဝကြေမွသွားကာ အမျိုးသားသုံးဦး လဲနေသည်ကို မနက်ဈေးထွက်သည့်အချိန်ထိ ကူညီမည့်သူမရှိဘဲ အသက်ရှင်မရှင်ကို ရပ်ကွက်နေပြည်သူများ အမှုပတ်မှာစိုးသောကြောင့် ဘယ်သူမျှ မကိုင်ရဲကြဟု ဒေသခံတစ်ဦးထံမှ သိရပါသည်။


ကချင်ပြည်နယ်တွင် လွန်ခဲ့သည့်မတ်လမှစတင်၍ ကချင်လွတ်လပ်ရေးတပ် KIA နှင့် စစ်ကောင်စီအကြား စစ်ပွဲဖြစ်ပွားခဲ့ပြီး ဇူလိုင်လအစပိုင်းက ရေကြီးမှုကို ရင်ဆိုင်နေရကာ ကချင်ပြည်သူများ အပူတစ်ပူပေါ်နှစ်ပူဆင့်ပြီး အခက်အခဲများစွာနှင့်အတူ လက်ရှိရှုပ်ထွေးနေသည့် နိုင်ငံရေးကြားမှာ အသက်ရှင်နိုင်ရေးအတွက် ကြိုးစားရုန်းကန်နေကြရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page