top of page

ကိုဗစ်နိုင်တင်းနောက်ဆက်တွဲဖြစ်သောအိုမီခရွန်နှင့်ဆင်တူသည့် JN1,XEC မျိုးစိတ်ကွဲရောဂါတစ်မျိုး ပြန့်နှံ့လာသောကြောင့် ပြည်သူများအထူးသတိပြုရန် ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်

  • Writer: Pajau Media
    Pajau Media
  • May 28, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၂၈ရက်၊မေလ၊၂၀၂၅။



မြန်မာနိုင်ငံအတွင်း ကိုဗစ်နိုင်တင်းဖြစ်ပြီး ၅နှစ်အကြာတွင် အိုမီခရွန်နှင့်ဆင်တူသည့် JN1,XEC မျိုးစိတ်ကွဲရောဂါတစ်မျိုး ပြန့်နှံ့လာသောကြောင့် ပြည်သူများ အထူးသတိပြုရန် မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။


လက်ရှိတွင် အိုမီခရွန်နှင့်ဆင်တူသည့် JN1,XEC မျိုးစိတ်ကွဲရောဂါမှာ အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံအတွင်း လူဦးရေတစ်သိန်းကျော်ကူးစက်ဖြစ်ပွားနေပြီး၊ (၂၇)ဦး အသက်သေဆုံးခဲ့ရပြီဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း မေလတစ်လတာအတွင်း အဆိုပါ JN1,XECရောဂါ ကူးစက်ခံရသူတစ်ဦး တွေ့ရှိနေရပြီဖြစ်သောကြောင့် အထူးသတိပြုရန်လိုအပ်ကြောင်း ဆိုထားသည်။


အိုမီခရွန်နှင့်ဆင်တူသည့် JN1,XEC မျိုးစိတ်ကွဲရောဂါမှာ ကိုဗစ်နိုင်တင်းကဲ့သို့ မပြင်းထန်သော်လည်း ကာကွယ်ဆေးမထိုးရသေးသည့် ကလေးငယ်များနှင့် အဆုတ်ရောင်ရောဂါ၊ ကျောက်ကပ်၊ နာတာရှည်ရောဂါခံစားနေရသူများ၊ အသက်၆၅အထက် သက်ကြီးရွယ်အိုများတွင် ကူးစက်ခံရပါက အသက်သေဆုံးနိုင်ခြေများသောကြောင့် သတိထားရမည်ဟု ဆိုသည်။


ရောဂါလက္ခဏာမှာ လူတစ်ဦးနှင့်တစ်ဦး မတူညီဘဲ၊ အများစုမှာ ခေါင်းကိုက်ခြင်း၊ နာရည်ယိုခြင်း၊ ချောင်းဆိုးခြင်း လက္ခဏာများ ဖြစ်တတ်ကြပြီး၊ အချို့မှာ ပျို့အန်၊ဝမ်းလျှော၊ ခန္ဒာကိုယ်ထုံထိုင်းခြင်းနှင့် အနံ့အသက်မရသည့် လက္ခဏာများ ဖြစ်ပွားကြကြောင်း သိရသည်။


လက်ရှိ JN1,XEC မျိုးစိတ်ကွဲရောဂါမှာ မြန်မာနိုင်ငံအပြင် ထိုင်း၊ အမေရိကန်၊တရုတ်၊UK၊ ဗီယက်နမ်၊စင်္ကာပူ၊ဒိန်းမတ် အစရှိသည့်နိုင်ငံများတွင် ပျံ့နှံ့နေပြီဖြစ်ကြောင်း သိရသည်။


မြန်မာနိုင်ငံတွင်လည်း မိုးရာသီအချိန်အခါ ရောက်ရှိလာသည့်အပြင် ငှက်ဖျားနှင့် နှာစေး၊ချောင်းဆိုးအများစု ဖြစ်တတ်သည့် ရာသီကာလလည်း ဖြစ်သောကြောင့် ပိုမိုသတိပြုရမည်ဖြစ်သည်ဟု ဆိုသည်။


ယခင်ကဖြစ်ပွားခဲ့သည့် ကိုဗစ်နိုင်တင်းရောဂါကြောင့် ကမ္ဘာတစ်ဝှမ်းတွင် အသက်သေဆုံးခဲ့ရသူ (၇)သန်းအထိ ရှိခဲ့ပြီး မြန်မာနိုင်ငံတွင်လည်း ကိုဗစ်နိုင်တင်းရောက်ရှိလာသည့် ၂၀၂၀ခုနှစ်မှ ၂၀၂၅ခုနှစ် မေလအထိ အသက်သေဆုံးခဲ့ရသူပေါင်း (၁၉၄၉၄)ဦးအထိ ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှ သိရသည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page