top of page

ကေဘီစီဆေးရုံ၊မြစ်ကြီးနားတွင်တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းများခေါ်ယူလျှက်ရှိ

  • Writer: Pajau Media
    Pajau Media
  • Jun 10, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၀ရက်၊ ဇွန်လ၊၂၀၂၄ ခုနှစ်။


ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် ကေဘီစီ (KBC) မှ တာဝန်ယူဆောက်လုပ်နေသော မိန်ခိန်ရပ်ကွက်ရှိ ကေဘီစီ၊ဆေးရုံမြစ်ကြီးနားတွင် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းအများအပြားလိုအပ်ခြင်းကြောင့် ဝန်ထမ်းအသစ်ခေါ်ယူခြင်းများစတင်လုပ်ဆောင်နေပြီး တာဝန်ထမ်းဆောင်လိုသူများလာရောက်လျှောက်ထားနိုင်ကြောင်း KBC Facebook Page ၏ဖော်ပြချက်အရသိရသည်။


ကေဘီစီ ဆေးရုံမှ လူထုနှင့်လူမှုအဖွဲ့အစည်း၏ ကျန်းမာရေးကို အလေးထားကာ နိုင်ငံတော်၏ ကျန်းမားရေးဝန်ဆောင်မှုစနစ်တွင် အထောက်အကူပြုသော မဏ္ဍိုင်တစ်ရပ်အဖြစ် ရပ်တည်နိုင်ရန်နှင့်ချစ်ကြည်သော စိတ်ရင်းစေတနာဖြင့် ဘက်စုံပြည့်စုံသည့် ကျန်းမာရေးစောင့်ရှောက်မှု၊ ဝန်ဆောင်မှု များပေးနိုင်ရန်ရည်မှန်းထားကြောင်းသိရသည်။


ဆေးရုံတွင်တာဝန် ထမ်းဆောင်ရန် လိုအပ်သော တာဝန်များမှာ Senior Staff Nurse ၈ယောက်၊ Senior staff Nurse (OT) ၃ ယောက်၊ Junior staff Nurse ၁၃ ယောက် ၊ Junior staff Nurse(OT) ၆ ယောက်၊ Junior Nurse Aid ၃၁ ယောက်၊ Medical imaging Technologist ၃ ယောက်၊ Technician G2 Imaging) ၂ ယောက်၊ pharmacist ၇ ယောက်၊ Sale (Pharmacist Aid) ၉ ယောက်၊ Senior procurement ၄ ယောက် တို့ဖြစ်ကြောင်းသိရသည်။


‌ကေဘီစီ ဆေးရုံမြစ်ကြီးနားတွင် တာဝန်ထမ်းဆောင်လို သူများ အမြန်ဆုံးလာရောက် လျှောက်ထားနိုင်ပြီဖြစ်ပြီး၊ လျှောက်လွှာဖောင် လက်ခံရရှိခြင်းပေါ် မူတည်၍ လူတွေ့စစ်ဆေးခြင်းနှင့် အလုပ်ခန့်အပ်ခြင်းများ အမြန်ဆုံးလုပ်ဆောင်သွားမည်ဖြစ်၍ တာဝန်ထမ်းဆောင်လိုသူများ လာရောက်လျှောက်ထားနိုင်ကြောင်း နှင့် အသေးစိတ်အချက်အလက်ကို KBC Facebook Page (သို့မဟုတ်) ဖုန်းနံပတ် ၀၉-၄၅၈၉၀၃၃၉၀ တို့ကို စုံစမ်းလျှောက်ထားနိုင်ကြောင်းသိရသည်။







Comments


Pajau Media

Thanks for subscribing!

bottom of page