top of page

ကားမိုင်းစစ်ဆေးရေးဂိတ်တွင် စက်သုံးဆီတင်ကားများအား ဖြတ်သန်းခွင့်ပိတ်ပင်လိုက်သောကြောင့် ဖားကန့်တွင်စက်သုံးဆီများပြတ်လပ်လာ

  • Writer: Pajau Media
    Pajau Media
  • Nov 26, 2024
  • 1 min read

ပါဂျောင်မီဒီယာ။

၂၆ရက်၊နိုဝင်ဘာ၊၂၀၂၄။





မြစ်ကြီးနား-ဖားကန့်သွား ကားလမ်းမပေါ်ရှိ စစ်ကောင်စီ၏ ကားမိုင်း စစ်ဆေးရေးဂိတ်တွင် စက်သုံးဆီတင်ကားများကို ဖြတ်သန်းခွင့် ပိတ်ပင်ထားသောကြောင့် ဖားကန့်ဒေသအတွင်း စက်သုံးဆီ ရှားပါးလာပြီး ကျောက်စိမ်းတူးဖော်သည့် ကုမ္ပဏီများ ခက်ခဲလာနိုင်ဖွယ်ရှိကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

ဖားကန့်ဒေသအတွင်း စက်သုံးဆီရှားပါးသောကြောင့် ဆီဆိုင်များမှလည်း အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေသည့်အပြင် ဝယ်ယူသူများလည်း အလုအယက် တန်းစီဝယ်ယူကြရကြောင်း သိရသည်။


လက်ရှိ ဖားကန့်မြို့အတွင်း ဓာတ်ဆီတစ်လီတာ တစ်သောင်းကျပ်၊ တစ်ဂါလံကို ငါးသောင်းငါးထောင်(၅၅၀၀၀)ကျပ်အထိ မြင့်တက်နေပြီး ဆိုင်အများစုပိတ်ထားကာ စက်သုံးဆီ ရှားပါးလာနေပြီဟု ဒေသခံများက ပြောသည်။ ထို့အပြင် လတ်တလော ဖားကန့်အဝင် ရှမ်းမဆီဆိုင်နှင့် လုံးခင်းမြို့မှ ဆင်ဖြူတော်ဆီဆိုင်တို့သာ အကန့်အသတ်ဖြင့် ဖွင့်လှစ်နေကြောင်း ထပ်မံသိရသည်။


ယခုကဲ့သို့ စက်သုံးဆီတင်ကားများ ဖြတ်သန်းသွားလာခွင့်မပြုဘဲ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များတွင် ပိတ်ပင်ထားသောကြောင့် ကျောက်စိမ်းတူးဖော်ရေး လုပ်ဆောင်နေသည့် ကုမ္ပဏီများပါ လုပ်ငန်းရပ်တန့်သွားမည့် အခြေအနေရောက်ရှိ လာနိုင်သည်သာမက ဆိုင်ကယ်၊ မော်တော်ကားများဖြင့် စီးပွားရှာလုပ်ကိုင်နေကြသူများပါ ခက်ခဲလာမည်ကို စိုးရိမ်နေကြသည်ဟု ဆိုသည်။


ထို့အပြင် ယခုထက် ရက်ရှည်ဆီပြတ်လပ်လာမည်ဆိုလျှင် ဒေသခံများ ခြေလျှင်ဖြင့်သာ ကျောက်အရောင်းအဝယ် ပြုလုပ်ရမည့်အခြေအနေရောက်ရှိသွားနိုင်ကြောင်း ပြောသည်။ အလားတူ မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့တို့တွင်လည်း နယ်စပ်ကုန်သွယ်ရေး ကံပိုင်တည်ဂိတ်ကို ပိတ်ပင်ထားသောကြောင့် စက်သုံးဆီပြတ်လပ်နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာနေပြီ ဖြစ်သည်။


Comments


Pajau Media

Thanks for subscribing!

bottom of page