top of page

ကြာရာပတ္တီး(A)ရပ်ကွက်တွင် လျှပ်စစ်ဝါယာရှော့ကြောင့် အိမ်နှစ်လုံးမီးလောင်ပြာကျ

  • Writer: Pajau Media
    Pajau Media
  • Dec 10, 2024
  • 1 min read

ပါဂျောင်မီဒီယာ။

၁၀ရက်၊ဒီဇင်ဘာ၊၂၀၂၄။



မြစ်ကြီးနား၊ ကြာရာပတ္တီး (A)ရပ်ကွက်တွင် ဒီဇင်ဘာ ၁၀ ရက်နေ့ မနက် ၂ နာရီခွဲအချိန်၌ မီးလောင်မှု ဖြစ်ပွားပြီး အိမ်နှစ်လုံး တစ်ပြိုင်နက် မီးလောင်ပြာကျသွားကြောင်းသိရသည်။


အိမ်သားများအားလုံး အိပ်မောကျနေချိန် တွင် အိမ်အောက်ထပ်မှ မီးစတင်လောင်ကျွမ်းလာပြီး ဝါယာရှော့ကြောင့်လောင်ကျွမ်းခြင်းဖြစ်သည်ဟု ပတ်ဝန်းကျင်ရှိလူများ၏ပြောပြချက်အရသိရသည်။ မီးစတင်လောင်ကျွမ်းသည့်အချိန်သည် မိသားစုဝင်အားလုံးအိပ်ပျော်နေကြသည့် အချိန်ဖြစ်သည့်အတွက် မည်သည့်ပစ္စည်းဥစ္စာကိုမှ သယ်ယူနိုင်ခြင်းမရှိပဲ အသက်လု၍သာ ပြေးထွက်ခဲ့ရကြောင်း အိမ်ရှင်များကပြောသည်။


အိမ်မီးလောင်ရာတွင် အားလာသွင်းထားသည့် အသိအိမ်မှဘက်ထရီဆိုင်ကယ်တစ်စီး၊ ရေခဲသေတ္တာနှင့်အတူ အိမ်ရှင်များ၏ ဘက်ထရီဆိုင်ကယ်တစ်စီး၊စူပါကပ်ဆိုင်ကယ်တစ်စီးနှင့် အိမ်တွင်ရှိသမျှ ပစ္စည်းအားလုံးပါသွားပြီး၊ ဘေးအိမ်မှလည်း အိမ်ရှင်အားလုံး လယ်တောသွားအိပ်ကြသည့်အချိန်ဖြစ်၍ အိမ်စောင့်တစ်ယောက်မှ မရှိသည့်အတွက် မည်သည့်ပစ္စည်းမှ မယူနိုင်ပဲ အိမ်တစ်ခုလုံးမီးလောင်ပြာကျသွားကြောင်းသိရသည်။



မီးလောင်စတင်လောင်ကျွမ်းချိန်မှာ မနက်ပိုင်းဖြစ်၍အိမ်တစ်ဝက်ခန့်လောင်ကျွမ်းပြီးမှသိရှိရသောကြောင့် မီးငြိမ်းသတ်နိုင်ခြင်းမရှိတော့ပဲ မီးသူ့အလိုလို ငြိမ်းသွားမှ ရပ်ကွက်ထဲမှလူများက ရှင်းလင်းရေးကိုလုပ်ဆောင်နိုင်ခြင်းဖြစ်သည်။ လက်ရှိအိမ်မီးလောင်မှုဖြစ်ပွားသည့် အိမ်သားများကို အသင်းတော်မှ တာဝန်ယူကာ ယာယီနေထိုင်ရန် အိမ်တည်ဆောက်ပေးဖို့စီစဥ်နေကြောင်းနှင့် လက်ရှိတွင်စားသောက်ရေး၊အိမ်အသုံးအဆောင်ပစ္စည်းနှင့် အဝတ်အထည်ပစ္စည်းများ အရေးပေါ်လိုအပ်နေကြောင်းသိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page