top of page

ကားလမ်းမကြီးဖွင့်လှစ်လိုက်ခြင်းကြောင့် အခြေခံကုန်စျေးနှုန်းများ လျှော့ကျလာဖို့ ပြည်သူများ မျှော်လင့်

  • Writer: Pajau Media
    Pajau Media
  • Nov 23, 2023
  • 1 min read

ပါဂျောင်မီဒီယာ



ယမန်နေ့မှ စတင်ကာ မြစ်ကြီးနား မန္တလေးသွား ကားလမ်းမကြီး ဖွင့်လှစ်လိုက်ပြီဖြစ်သောကြောင့် မြစ်ကြီးနား ပြည်သူများ ကုန်စျေးနှုန်းနှင့် စက်သုံးဆီ စျေးနှုန်း မြင့်မားမှုကို လျှော့ကျလာဖို့ မျှော်လင့်နေကြောင်း သိရသည်။


လက်ရှိမှာ အခြေခံစားသောက်ကုန်ဖြစ်သော ကြက်သွန်ဖြူ တစ်ပိသာ (၁၈၀၀၀)ကျပ်၊ ကြက်ဥ တစ်လုံး (၈၀၀)ကျပ်၊ ခရမ်းချဥ်သီး တစ်ပိသာ (၁၅၀၀၀)ကျပ်၊ ငါး တစ်ပိသာ(၁၆၀၀၀) ကျပ်နှုန်းနှင့် ငရုပ်သီး တစ်ပိသာ (၁၅၀၀၀)ကျပ်နှုန်းအထိ ပျှမ်းမျှရှိနေသည်။



ယနေ့မနက် နံနက်ပိုင်းအချိန် ထိ မြို့အတွင်း ကုန်စျေး နှုန်းများ ကျဆင်းမှုမရှိသေးသည်ကို

"မပြောချင်တော့ပါဘူး ဒီအတောအတွင်းမှာ ခရမ်းချဉ်သီးတော့ မဝယ်စားဖြစ်တော့ဘူး ၁ပိသာ ၁၅၀၀၀တဲ့ ကြက်တွန်ဖြူတော့နှစ်ထောင်ဖိုးဝယ်တာ သုံးလုံးရတယ်ဘာမှမတတ်နိုင်တော့ ရတာလေးကိုလောက်အောင်စားရတာပေါ့' ဟု အင်ဂျန်ဒုံရပ်ကွက်တွင်နေထိုင်သူ အိမ်ရှင်မတစ်ဦးက ပြော သည်။


ဒေသခံများမှာ နေ့စဥ်ကုန်စျေးနှုန်း တရိပ်ရိပ်မြင့်တက်လာပြီး လျှော့ကျလာခြင်း မရှိသေးသောကြောင့် ညီးတွားမှုများ ရှိနေပြီး၊ စက်သုံးဆီ ပြတ်လတ်မှုလည်း အမြန်ဆုံး ပြေလည်စေချင်ကြောင်း ဆိုသည်။


'ဓာတ်ဆီဈေးတက်တာမပြောနဲ့ ဆီထည့်ဖို့တောင်မရောင်းပေးလို့ နေ့တိုင်းဈေးထွက်နိုင်ဖို့မနည်းလုပ်ရတယ်၊ ကျမတို့လည်းဈေးသာရောင်းစားနေတာ အရင်းမပြုတ်အောင်ကြိုးစားနေရတယ်' ဟု ဆိုင်ကယ်ဖြင့် လည့်လည်ရောင်းချနေသော ဈေးသည်တစ်ဦးမှဆိုသည်။



ပြည်ထောင်စု ကားလမ်းမ ကြီး ပိတ်ထားခြင်း ကြောင့် စက်သုံးဆီ ဈေးနှုန်းမြင့်တက်လာမှုနှင့်အ တူ၊ အခြေခံအစားအစာဖြစ်သော ကြက်တွန်ဖြူ၊ခရမ်းချဥ်သီး၊ ကြက်ဥနှင့် ရေခဲရိုက်ငါးများ ယခုရက်ပိုင်းအတွင်း မဝင်တော့သဖြင့် ဈေးနှုန်းအမြင့်ဆုံးအထိ ရောက်ရှိနေခြင်း ဖြစ်သည်။


ယနေ့မနက်ပိုင်းအထိ စက်သုံးဆီဓာတ်ဆီ ၉၂ ၁လီတာတွင် သုံးထောင်‌ကျော် လေးထောင်ဝန်းကျင်ရှိနေပြီး၊ ရပ်ကွက်အတွင်းရောင်းသည့် လမ်းဘေး ဆီဆိုင်အသေးများ၌ တစ်လီတာလျှင် ၅၀၀၀ကျပ်နှုန်းဖြင့် ရောင်းချပေးနေကြောင်း၊ စက်သုံးဆီဆိုင်အများပိုင်း ဓာတ်ဆီရောင်းချခြင်းမပြုတော့ကြောင်း သိရသည်။

Comments


Pajau Media

Thanks for subscribing!

bottom of page