ကေအိုင်အို ထိန်းချုပ်နယ်မြေရှိ မိုင်ဂျာယန်ပညာရေးကောလိပ် ကျောင်းဆင်းပွဲကျင်းပ
- Pajau Media

- Apr 29
- 1 min read
ပါဂျောင်မီဒီယာ
၂၉ရက်၊ဧပြီ၊၂၀၂၆။
ကေအိုင်အို ထိန်းချုပ်နယ်မြေတွင်ရှိသော မိုင်ဂျာယန်ပညာရေးကောလိပ် (Mai Ja Yang Institute of Education -MIED)၏ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် ကျောင်းဆင်းပွဲနှင့် ဘွဲ့နှင်းသဘင်ပေးအပ်ခြင်း အခမ်းအနားကို ဧပြီလ ၂၈ ရက်နေ့က မိုင်ဂျာယန်ပညာရေးကောလိပ်ကျောင်းဝင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ယခုကျင်းပသည့် မိုင်ဂျာယန်ပညာရေးကောလိပ်၏ ကျောင်းဆင်းပွဲနှင့် ဘွဲ့နှင်းသဘင်ပေးအပ်ခြင်း အခမ်းအနားမှာ (၁၁)ကြိမ်မြောက်အတွက် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ ယခုနှစ် ကျောင်းဆင်းလာသည့် ကျောင်းသား၊ ကျောင်းသူများမှာ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် Diploma in Education Program၊ Diploma in Teaching English to Speakers of Other Languages Program (TESOL) နှင့် Diploma in Teaching Chinese Language Program (TCL) တို့ ဖြစ်ကြပြီး၊ ကျောင်းသားမောင်မယ် (၂၄၉)ဦးအား ဘွဲ့လက်မှတ်များ ချီးမြင့်အပ်နှင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မိုင်ဂျာယန်ကောလိပ်သည် ၁၉၉၈ ခုနှစ်တွင် ကျောင်းပညာမွမ်းမံသင်တန်း(TTS-Teacher Training School) ကိုဖွင့်လှစ် သင်ကြားရာမှ ၂၀၀၈-၂၀၀၉ ခုနှစ်တွင် ဆရာအတတ်သင်ကျောင်း (TTC-Teacher Training College) အဆင့်သို့ တိုးမြှင့်ပြောင်းလဲခဲ့ပြီး ၂၀၁၈-၂၀၁၉ ခုနှစ်မှ စတင်၍ မိုင်ဂျာယန်ပညာရေးသိပ္ပံ (MIED- Institute Of Education) အဆင့်သို့ တိုးမြှင့်ကာ ဖွင့်လှစ်သင်ကြားလျှက်ရှိသည့် ပညာရေးကောလိပ်တစ်ခုဖြစ်သည်။
သတင်း - ထုဆိုင်း




Comments