top of page

ကချင်တွင် စစ်အုပ်စုကြောင့် ယခုနှစ်အတွင်း ပြည်သူ၂၈ဦး သေဆုံးခဲ့

  • Writer: Pajau Media
    Pajau Media
  • May 22
  • 1 min read

ပါဂျောင်မီဒီယာ

၂၂ရက်၊မေလ၊၂၀၂၆။



ကချင်ပြည်နယ်တွင် ယခုနှစ်အတွင်း စစ်ကော်မရှင်၏ သတ်ဖြတ်မှုကြောင့် အရပ်သားပြည်သူ (၂၈)ဦး သေဆုံးခဲ့ကြောင်း အမည်နှင့်တကွ မှတ်တမ်းတင်ထားကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ဖော်ပြထားသည်။


အဆိုပါစာရင်းတွင် အသက်၁၈နှစ်အောက် ကလေးငယ် တစ်ဦးပါဝင်ပြီး သေဆုံးသူအများဆုံးမှာ ဗန်းမော်မြို့တွင် ၁၆ဦးဖြင့် အများဆုံးဖြစ်ပြီး၊ ဖားကန့်တွင် ၈ဦးဖြင့် ဒုတိယအများဆုံးဖြစ်ကာ ယခုနှစ် ဇန္နဝါရီလမှ မေလအထိ စုစည်းထားခြင်းဖြစ်သည်။


ထို့အပြင် စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မေလ၁ရက်နေ့မှ ၂၁ရက်နေ့အထိ နိုင်ငံတဝန်း အမျိုးသမီး(၆)ဦးနှင့် အမျိုးသား(၂၁)ဦး စုစုပေါင်း (၂၇)ဦး သေဆုံးခဲ့ပြီး၊ ထို့အရေအတွက်ထဲတွင် အသက်၅လအရွယ် ယောက်ျားလေးတစ်ဦးအပါအဝင် အသက် ၁၈နှစ်အာက် ကလေးငယ် (၇)ဦး ပါဝင်ကြောင်း သိရသည်။


ချင်းပြည်နယ်တွင် ၈ဦးဖြင့် သေဆုံးမှုအများဆုံးဖြစ်ပြီး၊ ပဲခူးတိုင်းတွင် ၇ဦးဖြင့် သေဆုံးမှု ဒုတိယအများဆုံး ဖြစ်ကာ အတည်ပြုရန် လိုအပ်ဆဲ အရပ်သား၂၆ဦးလည်း ကျန်ရှိနေသေးကြောင်း သိရသည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page