top of page

ကချင်တွင် တစ်ပတ်အတွင်း တိုက်ပွဲ ၁၄ ကြိမ်ဖြစ်ပွား

Writer: Pajau Media
Pajau Media
May 25
1 min read

ပါဂျောင်မီဒီယာ

၂၅ရက်၊မေ၊၂၀၂၆။


ကချင်ပြည်နယ် ဗန်းမော်၊ ဝိုင်းမော်၊ ဖားကန့် စစ်မျက်နှာပြင်နှင့် KIA အမှတ်(၁၁)တပ်မဟာ နယ်မြေများဘက်တွင် တစ်ပတ်အတွင်း တိုက်ပွဲ ၁၄ ကြိမ် ဖြစ်ပွားခဲ့ကြောင်း ကချင်လွတ်လပ်ရေး အဖွဲ့အစည်း(KIO/KIA) သတင်းနဲ့ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။


ပြီးခဲ့သည့် မေ ၁၇ ရက်နေ့မှ ၂၃ ရက်နေ့အထိ ဗန်းမော်၊ ဝိုင်းမော်၊ ဖားကန့် စစ်မျက်နှာပြင်ဘက်ကို စစ်ကော်မရှင်တပ်က လေယာဉ်၊ ဒရုန်း၊ လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တစ်ပတ်အတွင်း ဒရုန်းဗုံး ၂၅ ကြိမ်၊ လက်နက်ကြီး ပစ်ခတ်မှုပေါင်း ၈၇ ကြိမ်အထက် ရှိခဲ့သည်ဟု ဆိုသည်။


လေယာဉ် ဗုံးကြဲတိုက်ခိုက်သည့် နေရာနှင့် လက်နက်ကြီးတိုက်ခိုက်ခံရခြင်းမှာ ဗန်းမော် စစ်မျက်နှာပြင်တွင် အများဆုံးဖြစ်သည်။


စစ်ကော်မရှင်ဘက်က စစ်ကြောင်းထိုးလာသည့်အတွက် ဗန်းမော်စစ်မျက်နှာဘက်တွင် ခုခံတိုက်ပွဲ ၁ ကြိမ်၊ တပ်မဟာ ၉ နယ်မြေ ဖားကန့်ဒေသဘက် တိုက်ပွဲ ၃ ကြိမ်၊ အမှတ် ၁၁ တပ်မဟာဒေသဘက် တိုက်ပွဲ ၁၀ ကြိမ် ဖြစ်ပွားခဲ့သည်။


ထို့အပြင် စစ်ကော်မရှင်က မြေပြင်စစ်ကြောင်းထိုး လှုပ်ရှားခြင်းအပြင် ဝေဟင်မှ ဒရုန်း၊ လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်ခြင်းများ ဆက်လက်ရှိနေသောကြောင့် စစ်ရေးတင်းမာနေကြဆဲ ဖြစ်ကြောင်း သိရသည်။


ပြီးခဲ့သည့်အပတ်တွင် ကချင်ဒေသ စစ်ကော်မရှင်နှင့် KIA ပူးပေါင်းတပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲ၊ ခုခံတိုက်ပွဲပေါင်း ၁၃ ကြိမ်နီးပါး ဖြစ်ပွားခဲ့သည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page