top of page

ကချင်-တရုတ်ကုန်သွယ်ရေးဂိတ်များတရားဝင်မဖွင့်လှစ်သော်လည်း မြေရှားသတ္ထုထုတ်လုပ်ရာတွင်အသုံးပြုသည့် မြေဩဇာများတင်ပို့နေ

  • Writer: Pajau Media
    Pajau Media
  • Jul 7, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၇ရက်၊ဇူလိုင်လ၊၂၀၂၅။



ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်မှ နယ်စပ်ကုန်သွယ်ရေးဂိတ်များ တရားဝင်ဖွင့်လှစ်ခြင်းမရှိသေးသော်လည်း မြေရှားသတ္ထုတူးဖော်ရာတွင်အသုံးပြုသည့် မြေဩဇာများကိုတော့ နှစ်ဖက်အစိုးရက ဆွေနွေးညှိနှိုင်းကာ ဖီမော်ဂိတ်မှ သယ်ယူပို့ဆောင်နေကြောင်း ဖီမော်ဒေသခံများထံမှ သိရသည်။


“ဂိတ်တော့ ခုချိန်ထိပြန်မဖွင့်သေးဘူး။ ဒါပေမဲ့ မြေရှားသတ္ထုတွေ ပြန်လုပ်နေကြတော့ မြေသြဇာတွေကို ဒီဂိတ်ကနေဘဲ၊ ဘယ်ယူပို့ဆောင်ကြတယ်။ နှစ်ဖက်အစိုးရက ဘယ်ရက် ဘယ်အချိန်တွေမှာ မြေသြဇာကို သယ်ယူပို့ဆောင်မယ်ဆိုပြီး ဆွေးနွေးပြီးမှ သယ်ယူပို့ဆောင်ရေး လုပ်နေကြတယ်” ဟု ဖီမော်ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။


ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၁၃ရက်နေ့မှစပြီး တရုတ်နှင့် KIO နှစ်ဖက်ဆွေးနွေးမှုအပြီးတွင် ကချင်ပြည်နယ်၏ နယ်စပ်ကုန်သွယ်ရေးဂိတ်များအားလုံး ပြန်လည်ဖွင့်ပေးလိုက်ပြီဖြစ်ပေမယ့် ချီဖွေမြို့နယ်မှ ကုန်သွယ်ရေးဂိတ်များကိုတော့ တရားဝင်ဖွင့်လှစ်ပေးခဲ့ခြင်း မရှိကြောင်း သိရသည်။


နယ်စပ်ကုန်သွယ်ရေးဂိတ်များ ဖွင့်ပေးလိုက်ခြင်းမရှိသော်လည်း ချီဖွေမြို့နယ်အတွင်းရှိ မြေရှားသတ္ထုဆိုဒ်များနှင့် မြေရှားသတ္ထုတူးဖော်ရေးလုပ်ငန်းများ ပုံမှန်အတိုင်း ပြန်လည်တူးဖော်နေကြပြီဖြစ်သည်။


ISP Myanmar၏ ဖော်ပြချက်အရ ချီဖွေမြို့နယ်မှ တူးဖော်ရရှိသည့် မြေရှားသတ္ထုများမှာ ပန်ဝါ၊ဖီမော်၊ ကန်ဖန်ဂိတ်နှင့် ကန်ပိုင်တီ နယ်စပ်ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် တရုတ်နိုင်ငံ ထိန်ချုံးဒေသသို့ တင်ပို့ကြပြီး၊ မိုးမောက်မြို့နယ်မှ ထွက်သည့် မြေရှားများကိုတော့ မိုင်ဂျာယာန်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံ လုံချွမ်းနှင့်ယင်ကျန်းမြို့သို့ ပို့ဆောင်ကြသည်ဟု သိရသည်။


မြေရှားသတ္တုထွက်ရှိရာ ချီဖွေ၊ပန်ဝါဒေသသည် ယခင်ကဦးဇခုန်တိန့်ယိန်း၏နယ်ခြားစောင့်တပ်ထိန်းချုပ်ခဲ့သည့် ဒေသဖြစ်သလို တရုတ်နိုင်ငံကို မြေရှားအများဆုံးတူးပို့နေသည့် ဒေသလည်းဖြစ်သည်။


သတင်း - ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page