top of page

ကချင်ဒေသ နေရာအနှံ့ တိုက်ပွဲပြင်းထန်နေ

  • Writer: Pajau Media
    Pajau Media
  • 8 hours ago
  • 1 min read

ပါဂျောင်မီဒီယာ

၂၇ရက်၊မေလ၊၂၀၂၆။


စစ်ကော်မရှင်တပ်ဖွဲ့များက ကချင်ပြည်နယ်အတွင်း နေ့စဉ် စစ်အင်အားဖြည့်တင်းနေပြီး ကား၊ဆိုင်ကယ်များ စစ်ဆေးခြင်းနှင့် စစ်ကြောင်းထိုးလှုပ်ရှားခြင်းများ ပုံမှန်လုပ်ဆောင်နေကြောင်း သိရသည်။


ပူတာအို၊ ခေါင်လန်ဖူးဒေသ စစ်မျက်နှာဘက်တွင် လက်တလော လေယာဉ်ဖြင့် စစ်သုံးပစ္စည်းများ လာရောက်ပို့ချခြင်းများ လုပ်ဆောင်နေပြီး၊ စစ်ရေးပြင်ဆင်မှုများ လုပ်ဆောင်နေသည်။


ဟူးကောင့်ဒေသ၊ လဝါးဒေသဘက် စစ်ကော်မရှင်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့များ စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်နေပြီး၊ ဗန်းမော်စစ်မျက်နာဘက်ကိုလည်း KIAနှင့် ပူးပေါင်းတပ်ဖွဲ့များ နေရာယူထားသည့်ဘက် ထပရ ၉၃၃တပ်ဖွဲ့မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများ မကြာခဏ လုပ်ဆောင်နေသောကြောင့် တိုက်ပွဲဖြစ်ပွားနေသည်။


ထို့အပြင် ဝိုင်းမော်စစ်မျက်နာဘက် မိုင်းနားငှက်ပျောခြံနှင့် မှန်ပြတောင်များတွင် စစ်ရေးလှုပ်ရှားမှု ရှိနေသည်။ စစ်ကော်မရှင်တပ်ဖွဲ့မှာ အစားအသောက်နှင့် စစ်အသုံးအဆောင်ပစ္စည်းများကို အသုံးပြုပြီး အမှတ် ၇တပ်မဟာ၊ အမှတ်၈တပ်မဟာ၊ အမှတ် ၉တပ်မဟာနှင့် အမှတ် ၁၁တပ်မဟာများသို့ စစ်ကြောင်းထိုးကာ စစ်ရေးလှုပ်ရှားမှုများ ဆက်တိုက်လုပ်ဆောင်နေသည်။


ယခုကဲ့သို့ ကချင်ပြည်နယ် နေရာအနှံ့ စစ်ကော်မရှင်တပ်ဖွဲ့မှ စစ်မျက်နာဖွင့်ကာ စစ်ကြောင်းထိုးခြင်းနှင့် လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုများ ဆက်တိုက်လုပ်ဆောင်နေသောကြောင့် ပြည်သူများအနေဖြင့် နေ့စဉ်သတိထားနေထိုင်ရန် တာဝန်ရှိသည့် စစ်ရေးသုံးသပ်သူများက သတိပေးထားသည်ဟု KIA သတင်းပြန်ကြားရေးက ပြောဆိုထားသည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page