ကချင်ဒေသ အချိန်မရွေးတိုက်ပွဲ ဖြစ်ပွားလာနိုင်ပြီး၊ စစ်ရေးသတင်းနားစွင့်ရန် ဗိုလ်မှူးကြီးနော်ဘူ သတိပေးထား
- Pajau Media

- 2 days ago
- 1 min read
ပါဂျောင်မီဒီယာ
၁၉ရက်၊ဖေဖော်ဝါရီ၊၂၀၂၆။

ကချင်ပြည်နယ်တွင်း စစ်ကောင်စီ စစ်ကြောင်းထိုးနေသည့် ဗန်းမော်၊ ဝိုင်းမော်၊ ဖားကန့်၊ အင်းတော်ကြီး၊ ပူတာအိုနှင့် နောင်မွန်းစသည့်ဒေသများတွင် အချိန်မရွေးတိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလာနိုင်သောကြောင့် ဒေသခံပြည်သူများ စစ်ရေးသတင်းကို နားစွင့်ပြီးသွားလာနေထိုင်ကြရန် ဗိုလ်မှူးကြီးနော်ဘူက အသိပေး ပြောဆိုလိုက်သည်။
လက်ရှိ ကချင်ပြည်နယ်တွင် စစ်တပ်ကမြေပြင်ထိုးစစ်ဆင်မှုနှင့် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ မကြာခဏ လုပ်ဆောင်နေပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲများလည်း မကြာခဏဖြစ်ပွားနေသောကြောင့် ပြည်သူများ သတိထားသွားလာနေထိုင်ကြရန်နှင့် လူစုလူဝေးခြင်းကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ကြရန် သတိပေးထားသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၁၄ ရက်နေ့ထိ နှစ်ပတ်တာအတွင်း ကချင်ပြည်နယ် ဗန်းမော်၊ ဖားကန့်နှင့် ဝိုင်းမော် စသည့်ဒေသတို့တွင် နှစ်ဖက်ထိတွေ့ထိုက်ပွဲ ၂၆ ကြိမ်ထိ ရှိခဲ့သည်၊၊
လက်ရှိ စစ်ကောင်စီသည် ဖားကန့်မြို့နယ်အပြင် ဗန်းမော်၊ ဝိုင်းမော်နှင့် တစ်ခြားဒေသများတွင်လည်း စစ်ကြောင်းထိုး တိုက်ခိုက်နေသည့်အပြင် စစ်အင်အားနှင့် လက်နက်ရိက္ခာများလည်း ဆက်တိုက် ဖြည့်တင်းနေကြောင်း သိရသည်။
သတင်း-ဖရိန်း




Comments