ဖားကန့်ဒေသတွင် စစ်ကောင်စီမှ ဆက်လက်စစ်ကြောင်းထိုးနေ
- Pajau Media

- 2 days ago
- 1 min read
ပါဂျောင်မီဒီယာ
၁၉ရက် ဖေဖော်ဝါရီ ၂၀၂၆။

လက်ရှိ ဖားကန့်ဒေသ မရှီကထောင်ဒေသဘက်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေသည့်အပြင် စစ်ကောင်စီ ပူးပေါင်းတပ်များက ကားမိုင်း-ဖားကန့် သွားလမ်းကနေ လုံးခင်းဒေသဘက် ဆက်လက်စစ်ကြောင်းထိုးနေကြောင်းသိရသည်။
ဖေဖော်ဝါရီ (၁၈) ရက်နေ့တွင်လည်း မိုးကောင်းမြို့ စကခ (၃) တပ်အောက်က တပ်ဖွဲ့များနှင့် ရှထူဇွပ် ရှိမင်းဇေသန့် ပြည်သူ့စစ်ပူးပေါင်းတပ်များက ကားမိုင်း-ဖားကန့် သွားလမ်းအတိုင်း စစ်ကြောင်းထိုးလှုပ်ရှားလာသောကြောင့် ရုတ်တရက် စစ်ရေးပြင်းထန်လာမည်ကို ဒေသခံပြည်သူများက စိုးရိမ်နေကြကြောင်း သိရသည်။
ကားမိုင်း-ဖားကန့်သွားလမ်းတွင် စစ်ကြောင်းထိုးလှုပ်ရှားနေသော စစ်ကောင်စီပူးပေါင်းတပ်များသည် လုံးခင်းဒေသဘက် စစ်လက်နတ်ရိက္ခာများ ဖြည့်တင်းနေကြောင်းသိရသည်။
ဖားကန့်ဒေသတွင် စစ်ရေးပြင်းထန်လာခဲ့သည်မှာ ပြီးခဲ့သည့် ဇန်နဝါရီ (၃၀) ခန့်မှဖြစ်ပြီး နှစ်ပတ်ကျော်ခန့်ကြာမြင့်ခဲ့သည်။ လက်ရှိချိန်တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲများ ငြိမ်နေသော်လည်း စစ်ကောင်စီက လက်နက်ကြီးများ ရမ်းတန်းပစ်ခတ်နေဆဲဖြစ်သည်။ ဖေဖော်ဝါရီ (၁၆) ရက်နေ့တွင်လည်း ဖားကန့်ဗျူဟာကုန်းကနေ လက်နက်ကြီးများပစ်ခတ်ခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ စစ်တပ်က လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်နေသောကြောင့် ပြည်သူများနေထိုင်သည့်နေရာများတွင် လက်နက်ကျရောက်ပေါက်ကွဲပြီး ပြည်သူများ ထိခိုက်သေဆုံးကာ နေအိမ်များလည်းထိခိုက်ပျက်ဆီးမှုများ နေ့စဉ်ဖြစ်ပွားမှုရှိနေကြောင်း သိရသည်။
သတင်း-ပီလမ့်အူ




Comments