top of page

တစ်လကျော်အတွင်း နိုင်ငံတစ်ဝန်း ကလေးငယ် ၂၂ ဦး သေဆုံး

  • Writer: Pajau Media
    Pajau Media
  • 2 days ago
  • 1 min read

ပါဂျောင်မီဒီယာ

၁၉ရက်၊ ဖေဖော်ဝါရီ၊ ၂၀၂၆။


ဇန္နဝါရီ ၁ ရက်နေ့မှ ဖေဖော်ဝါရီ ၁၈ ရက်နေ့ထိ နိုင်ငံတဝန်း ၁၈ နှစ်အောက်ကလေးငယ် ၂၂ ဦးသေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ယမန်နေ့တွင် ထုတ်ပြန်ထားသည်။


၂ လသားအရွယ် ကလေးငယ်အပါအဝင် ၁၈ နှစ်အောက် မိန်းကလေး ၁၁ ဦးနှင့် ယောကျ်ားလေး ၁၁ ဦး စုစုပေါင်း ၂၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။


ထိုထဲတွင် အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူအများဆုံးဖြစ်ပြီး ၁၉ ဦးထိရှိခဲ့သလို စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် ၆ ဦးစီနှင့် သေဆုံးမှု အများဆုံးဒေသများ ဖြစ်သည်။


ဇန္နဝါရီလ ၂၉ ရက်နေ့ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်အတွင်းရှိ လေဘိုကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့သောကြောင့် အသက်သုံးနှစ်အရွယ်ကလေးငယ် မယုဝတီအပါအဝင် ဒေသခံပြည်သူ (၈)ဦး ဗုံးစထိမှန်ကာ သေဆုံးခဲ့သည်။


ပြီးခဲ့သည့် ဖောဖော်ဝါရီ ၃ ရက်နေ့တွင်လည်း ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၇ နှစ်အရွယ် မောင်အောင်တည်ကြည်ဖြူနှင့် (၁၃) နှစ်အရွယ် မောင်ဆွတ်ဂျာအောင်တို့ သေဆုံးခဲ့သည်။


သတင်း - ဇော်


Comments


Pajau Media

Thanks for subscribing!

bottom of page