top of page

နှစ်လနီးပါး ပိတ်ထားသည့် တနိုင်း-ရွှေမှော် ပြန်လည်လုပ်ကိုင်လာ

  • Writer: Pajau Media
    Pajau Media
  • 2 days ago
  • 1 min read

ပါဂျောင်မီဒီယာ

၁၉ရက်၊ဖေဖော်ဝါရီ၊၂၀၂၆။


တနိုင်း-ရွှေမှော်ဒေသ တိုက်ပွဲငြိမ်သက်နေသောကြောင့် ရွှေလုပ်သားများမှာ တရားဝင်လမ်းဖွင့်လှစ်ခြင်းမရှိသေးသော်လည်း ရှောင်ကွင်းလမ်းမှ ပြန်ဝင်ကာ ရွှေလုပ်ငန်းလုပ်ကိုင်နေကြပြီဖြစ်ကြောင်း ရွှေလုပ်သားများက ပြောသည်။


ရွှေမှော်မှ လုပ်သားတစ်ဦးက “ရွှေမှော်တွေကို အခုက KIA ဘက်က ပြန်ရပြီဆိုတော့ အရင်လိုအလုပ်တွေ ပြန်လုပ်လို့ရပြီလို့ သူတို့ပြောပေမယ့် လုံခြုံရေးအတွက်က အာမမခံနိုင်ဘူး။ အဲ့ကြောင့် ရွှေလုပ်ကိုင်သူတွေ စိုးရိမ်နေကြတယ်။ မှော်ထဲမှာတော့ လုပ်ကိုင်တဲ့သူတွေတော့ ပြန်လုပ်နေကြပြီ။” ဟု ပြောသည်။


ရွှေမှော်ဒေသရှိ ပြည်သူများမှာ ရုတ်တရက် တိုက်ပွဲဖြစ်ပွားလာသောကြောင့် အသက်လွှတ်မြောက်အောင် ထွက်ပြေးတိမ်းရှောင်လာခြင်းဖြစ်သဖြင့် ယခုရွှေမှော် ပြန်လည်ဝင်ရောက်လုပ်ကိုင်ရာ အစမှ ပြန်လည်ထူထောင်ရသည့် အခြေအနေဖြင့် အခက်အခဲများစွာ ရှိနေသည်ဟု ဆိုသည်။


“လုံခြုံရေးအတွက် ဘယ်သူမှ အာမမခံပေးနိုင်တဲ့အတွက် ရဲရဲမလုပ်နိုင်သေးဘူး။ အရင်က လပူခ၊ ဝေလောမှော်တွေမှာ စက်လှေမောင်းတဲ့သူတွေ့တာနဲ့ ဒရုန်းဗုံးတွေ လာရောက်ပစ်ခတ်တာတွေ ရှိခဲ့တော့ အရမ်းကြောက်တယ်။” ဟု နောက်ထပ်တစ်ဦးကလည်း ပြောပြသည်။


တနိုင်း-ရွှေမှော်သွားလမ်း ဖြစ်သည့် မိုင်းခွန်လမ်းကိုလည်း ပြည်သူ့စစ်တပ်ဖွဲ့မှ ပိတ်ပင်ထားဆဲဖြစ်ပြီး၊ လက်ရှိ တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးသော်လည်း ယခင်အတိုင်း လုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရန် မလွယ်ကူသေးကြောင်းလည်း ထပ်မံသိရသည်။


စစ်ကောင်စီနှင့် ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့များက ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကတည်းက တနိုင်းရွှေမှော်အတွင်း ထိုးစစ်ဆင်တိုက်ခိုက်လာသောကြောင့် ရွှေမှော်ဒေသကို နှစ်လနီးပါး ပိတ်ပင်ထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page