top of page

ကချင်ပြည်နယ် ချီဖွေမြို့နှင့် ဆင်ဘိုမြို့တွင် ဖုန်းလိုင်းအကန့်အသတ်ဖြင့် ရရှိနေ

  • Writer: Pajau Media
    Pajau Media
  • Aug 20, 2024
  • 1 min read

ပါ‌ဂျောင်မီဒီယာ

၂၀၊ ၈၊ ၂၀၂၄။



ကချင်ပြည်နယ်တစ်ခုလုံး အတိုင်းအတာဖြင့် လွန်ခဲ့သော ဇူလိုင်လ ၂၁ ရက်နေ့မှစပြီး ဖုန်းလိုင်း အင်တာနက်လိုင်းများကို ဖြတ်တောက်ကာ သတင်းအမှောင်ချထားလျက်ရှိနေသည်မှာ တစ်လပြည့်လသည့်အထိရှိနေပြီး လက်ရှိတွင် မြို့အချို့တွင် ဖုန်းလိုင်းအကန့်အသတ်ဖြင့် ရရှိနေလျက်ရှိနေပါသည်။


ဖုန်းလိုင်းကိုတစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် တစ်လဝန်းကျင်ထိရှိနေသော်လည်းလက်ရှိတွင် ချီဖွေမြို့နှင့် ဆင်ဘိုမြို့တွင် ဖုန်းလိုင်းအကန့်အသတ်ဖြင့် ရရှိနေသည်ဟုသိရပါသည်။


ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ထားပြီး KIA ၏ ထိန်းချုပ်မှုအောက်တွင်ရှိနေသော ဆင်ဘိုမြို့မှာ ဖုန်းနှင့် အင်တာနက်လိုင်း ပြတ်တောက်ထားခြင်းမရှိဘဲ တယ်လီနော၊ MPT အောပရေတာ တို့၏ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများရရှိနေပြီး စက်သုံးဆီပြတ်ပါသည့်ရံဖန်ရံခါမှသာ လိုင်းပြတ်နေလျက်ရှိနေသည်ဟု ဆင်ဘိုဒေသခံက ပါဂျောင်မီဒီကိုပြောပါသည်။


ထို့အပြင် ချီဖွေမြို့တွင် တယ်လီနောအောပရေတာ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းရရှိနေပြီး ကျန်ရှိနေသော အော်ပရေတာများ ပြတ်တောက်နေဆဲပင်ဖြစ်သည်။ ဖုန်းလိုင်းအင်တာနက်လိုင်း စပြီးဖြတ်တောက်ချိန်မှစပြီး မြစ်ကြီးနားမြို့ပေါ်ရှိ အစိုးရရုံးများနှင့် MPT အောပရေတာရုံးများတွင် ရုံးလည်ပတ်မှုများအတွက် ဖုန်းလိုင်းများဖြတ်တောက်ထားခြင်းမရှိပါ။


ထို့အပြင် ကချင်ပြည်နယ် ဖားကန့်မြို့နယ် လေယာဉ်လက်မှတ်အရောင်းဆိုင်တစ်ခုသာ အင်တာနက်လိုင်းရရှိနေပြီး တစ်နာရီတွင် ကျပ် ၂၀၀၀၀ ပေးကာ တိုကင်စနစ်ဖြင့် အသုံးပြုနေရသည့်အပြင် တစ်မိနစ် ၂၀၀၀ ပေးပြီးဖုန်းဆက်လို့ရတဲ့ ဆိုင် ၂ ဆိုင်၊ တစ်နာရီကို ကျပ် ၃ သောင်းပေးပြီး IP Star နှင့် Star link အင်တာနက်ကိုအသုံးပြုလျက် ရှိနေပါသည်။


စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံဟာ အိမ်နီးချင်း တရုတ်နိုင်ငံနည်းတူ ဒစ်ဂျစ်တယ်အခွင့် အရေးချိုးဖောက်မှုမှာ ကမ္ဘာ့အဆိုးရွားဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်လာတယ်လို့ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၈ ရက်နေ့ထုတ်တဲ့ Free Expression Myanmar (FEM) အစီရင်ခံစာမှာ ဖော်ပြထားပါသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page