top of page

ကချင်ပြည်နယ်တွင် စစ်ကောင်စီမှ လေ ကြောင်း တိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာလျက်ရှိ

  • Writer: Pajau Media
    Pajau Media
  • Jan 13, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၁၃ရက်၊ဇန္နဝါရီ၊၂၀၂၅။




ကချင်ပြည်နယ်အတွင်း စစ်ကောင်စီနှင့် KIAပူးပေါင်းတပ်ဖွဲ့အကြား ထိတွေ့တိုက်ပွဲများအတွင်း စစ်ကောင်စီမှ လက်လွှတ်ဆုံးရှုံးခဲ့သည့် တပ်စခန်း အများအပြားရှိလာပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ပြည်သူများနေထိုင်ရာ ဒေသများသို့ လေကြောင်းဖြင့် အကြောင်းမဲ့ ရမ်းသမ်းပစ်ခတ်ခြင်းများပိုမိုလုပ်ဆောင်လာသည်။


ဇန္နဝါရီ(၁၁)ရက် နေ့လည်၁၂နာရီဝန်းကျင်က တနိုင်းဒေသရှိ စန်လွန်ရွှေမှော်တွင် မန္တလေးတံတားဦးမှ တက်လာသည့် လေယာဉ်ဖြင့် ဗုံး၂လုံး လာရောက်ပစ်ခတ်ခဲ့သောကြောင့် ရွှေမှော်အတွင်းရှိ (၁)နှစ်အရွယ် ကလေးငယ်အပါအဝင် (၁၈)ဦး အသက်သေဆုံးခဲ့ပြီး၊ (၁၀)ဦးမှာ ထိခိုက်ဒဏ်ရာ ပြင်းထန်ခဲ့ကြောင်း သိရသည်။


လက်ရှိ တနိုင်းဒေသတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်လာသောကြောင့် စန်လွန်ရွှေမှော်မှ ဈေးဆိုင်(၉)ဆိုင် ထိခိုက်ပျက်စီးခဲ့ရပြီး အသက်သေဆုံးမှုများရှိသည့်အပြင်၊ ပြင်းထန်ဒဏ်ရာရရှိသူများမှာ စန်လွန်ဆေးပေးခန်းတွင် ဆေးကုသမှု ခံယူနေရကြောင်းသိရသည်။


စစ်ကောင်စီက မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ရရှိရန်အတွက် နိုင်ငံရေးလမ်းစဉ်ကို ဆွေးနွေးတိုင်ပင်ကြရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို အကြိမ်ကြိမ်ခေါ်ယူနေသော်လည်း တစ်ဖက်တွင် လေကြောင်းတိုက်ခိုက်မှုများပိုမိုလုပ်ဆောင်နေသည်။


ပြီးခဲ့သည့် ဇန္နဝါရီ (၈)ရက်နေ့တွင်လည်း ဖားကန့်ဒေသရှိ KIA တပ်မဟာ(၉)၊တပ်ရင်း(၆)နယ်မြေတွင် မြစ်ကြီးနားဘက်မှ တက်လာသည့် ဂျက်လေယာဉ်ဖြင့် ဗုံး၂ကြိမ်ထက်မနည်း လာရောက်ပစ်ခတ်ခဲ့သောကြောင့် အသက်(၄၅)နှစ်အရွယ် ဒေါလုပန် အသက်သေဆုံးမှု ဖြစ်ပွားခဲ့ပြီး၊ ဈေးဆိုင်အချို့လည်း ပျက်စီးခဲ့ရသည်။


သတင်း - ဟူးကောင့်


Comments


Pajau Media

Thanks for subscribing!

bottom of page