ကချင်ပြည်နယ်တွင် တစ်ပတ်တာအတွင်း တိုက်ပွဲ ၁၀ ကြိမ်ဖြစ်ပွား
- Pajau Media

- Apr 6
- 1 min read
ပါဂျောင်မီဒီယာ
၆ရက်၊ဧပြီ၊၂၀၂၆။

ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဝိုင်းမော်၊ ဖားကန့် စစ်မျက်နှာပြင်ဘက်တွင် တစ်ပတ်အတွင်း တိုက်ပွဲ (၁၀)ကြိမ်ဖြစ်ပွားခဲ့ကြောင်း KIA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။
တစ်ပတ်တာအတွင်း ဗန်းမော်၊ ဝိုင်းမော်၊ ဖားကန့် စစ်မျက်နှာပြင်ဘက် စစ်ကော်မရှင်တပ်မှ နေ့စဉ် လေယာဉ်၊ ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုထားသည်။
ထို့အပြင် စစ်ကော်မရှင်တပ်ဘက်က တစ်ပတ်တာအတွင်း လေယာဉ်ဗုံး (၁၁)ကြိမ်အထက်၊ ဒရုန်းဗုံး (၃၅)ကြိမ် နှင့် လက်နက်ကြီး ပစ်ခတ်မှုပေါင်း (၂၁၈)ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ပြီး၊ လေယာဉ် ဗုံးကြဲတိုက်ခိုက်သည့်နေရာနှင့် လက်နက်ကြီးတိုက်ခိုက်ခြင်းမှာ ဗန်းမော် စစ်မျက်နှာပြင်တွင် အများဆုံးဖြစ်ခဲ့သည်။
ဗန်းမော်စစ်မျက်နှာပြင်ဘက်တွင် စစ်ကော်မရှင်တပ်မှ ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်သည့်အတွက် ဗန်းမော်-ဘဒူဇာရပ်ကွက်တွင် ခုခံတိုက်ပွဲ (၁)ကြိမ်၊ တပ်မဟာ(၉)ဒေသ မရှီကထောင်အနီး တိုက်ပွဲ(၉)ကြိမ်ထိ KIA ပူးပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ရေးတင်းမာနေဆဲ အခြေအနေဖြစ်သည်ဟု ဖော်ပြထားသည်။
ပြီးခဲ့သည့် တစ်ပတ်တာအတွင်းကလည်း ဗန်းမော်၊ ဝိုင်းမော်၊ ဖားကန့် စစ်မျက်နှာပြင်တို့တွင် တစ်ပတ်အတွင်း တိုက်ပွဲ ၉ ကြိမ်ဖြစ်ပွားခဲ့သည်။
သတင်း - ထုဆိုင်း




Comments