ကချင်ပြည်နယ်တွင် ပုံမှန်ကာကွယ်ဆေးထိုးနှံမှုများမပြုလုပ်နိုင်တော့သည့်နောက်ပိုင်း တုတ်ကွေးနှင့်ငှက်ဖျား ရောဂါကူးစက်မှုနှုန်း ပြန်လည်မြန်ဆန်လာ
- Pajau Media

- Jul 3, 2025
- 1 min read
ပါဂျောင်မီဒီယာ။
၃ရက်၊ဇူလိုင်လ၊၂၀၂၅။
ကချင်ပြည်နယ်တွင် မိုးရာသီအချိန် လမ်းခရီးကြမ်းတမ်းကာ သွားလာရခက်ခဲသဖြင့် ကာကွယ်ဆေးထိုးနှံမည့်ဆေးဝါးများရောက်ရှိရန်ခက်ခဲပြီး ရှားပါးလာသောကြောင့် ရာသီတုတ်ကွေးနှင့်ငှက်ဖျား ကူးစက်နှုန်းမြန်ကာ ဖျားနာသူများ တစ်ရက်ထက်တစ်ရက် ပိုမိုများပြားလာသည်ဟု သိရသည်။
“ခုလိုရာသီမျိုးဆို သွားလာရတာလည်း အရမ်းခက်ခဲတယ်။ လမ်းတွေလည်း အရမ်းကြမ်းတော့ ဆေးဝါးပစ္စည်းတွေ မှာရင်လည်း လွယ်လွယ်နဲ့ရောက်မလာဘူး။ ရောက်လာတဲ့ဆေးတွေကလည်း တန်ဆာခစျေးကြီးတော့ ဆေးတွေလည်းအရမ်းစျေးကြီးတယ်။ အဲ့တာတွေကြောင့် တုတ်ကွေးဖြစ်ပွားမှုနှုန်းက တစ်ရက်ထက်တစ်ရက် ပိုမိုများပြားလာတယ်“ ဟု မြစ်ကြီးနားဒေသခံတစ်ဦးက ပြောသည်။
မိုးရာသီချိန် ဖြစ်ပွားလေ့ရှိသော တုတ်ကွေးနင့် ငှက်ဖျား ဖျားနာသူများမှာ လက်ရှိ ဆေးဝါးပြတ်လတ်မှုနှင့် ကြုံတွေ့နေရပြီး၊ တစ်ဦးမှတစ်ဦး ကူးစက်ကာ ဖျားနာနေကြသည်ဟု ဆိုသည်။
ကချင်ပြည်နယ်တွင် အဓိကကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် မြစ်ကြီးနား-မန္တလေးကားလမ်းမကြီးလည်း မိုးများသောကြောင့် သွားလာရေးခက်ခဲကာ ပစ္စည်းအဝင် ခက်ခဲနေသည့်အပြင် ကုန်တင်တန်ဆာခလည်း ယခင်ထက် ပိုမိုများပြားနေကြောင်း သိရသည်။
ဆေးဝါးပစ္စည်းများ မှာယူဝယ်ယူရာမှာလည်း ခက်ခဲ့သည့်အပြင် လမ်းခရီးကြောင့် ကြန့်ကြာမှုရှိသောကြောင့် ကချင်ပြည်နယ်အတွင်း ဆေးဝါးပြတ်လတ်မှုနှုန်း ပိုမိုမြန်ဆန်လာကြောင်း ဖြစ်သည်ဟု ဆေးဝါးကျွမ်းကျင်ဆရာမတစ်ဦးက ပြောသည်။
အထူးသဖြင့် စစ်ရှောင်စခန်းများ၊ လူဦးရေထူထပ်စွာ နေထိုင်သည့် နေရာများနှင့် ကျေးရွာ၊ရပ်ကွက်များတွင် လတ်တလော တုတ်ကွေးနှင့်ငှက်ဖျား ဖျားနာသူ များပြားနေပြီး၊ ဆေးရုံ၊ဆေးခန်း လာရောက်ပြသူသူများလည်း ရာသီတုတ်ကွေးဖျားနာသူ များပြားနေကြောင်းနှင့် အများစုမှာ မွေးကင်းစကလေးငယ်အရွယ်မှ သက်ကြီးရွယ်အိုများအထိဖြစ်ကြောင်း ကျန်းမာရေးဆရာမများထံမှ သိရသည်။
သတင်း-ဖရိန်း










Comments