top of page

ကချင်ပြည်နယ်တွင် ဧပြီလ တစ်လတာအတွင်း ကချင်လွှတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားမှုများကို BNI-Myanmar Peace Monitorမှထုတ်ပြန်

  • Writer: Pajau Media
    Pajau Media
  • May 8, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၈ရက်၊မေလ၊၂၀၂၅။


ကချင်ပြည်နယ်တွင် ၂၀၂၅ခုနှစ် ဧပြီလ တစ်လတာအတွင်း ကချင်လွှတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားမှုပေါင်း ၁၀ကြိမ်အထိ ဖြစ်ပွားခဲ့ပြီး၊ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း ၃ခု ဖြစ်ပွားခဲ့သည်ဟု BNI-Myanmar Peace Monitorက ဖော်ပြထားသည်။


ကချင်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားမှုပေါင်း ၁၀ကြိမ်အထိမှာ ဗန်းမော်ဒေသနှင့် ဖားကန့်ဒေသတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ စစ်ပွဲကြောင့် အရပ်သားထိခိုက်သေဆုံးသူများ (၃)ဦး၊ အရပ်သားထိခိုက်ဒဏ်ရာရရှိသူ (၄)ဦးနှင့် စစ်ပွဲကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးသူများ လူဦးရေမှာ (၁၀၀၀)နီးပါး ရှိခဲ့သည်။


မြန်မာနိုင်ငံလုံးဆိုင်ရာ အတိုင်းအတာဖြင့် တိုက်ပွဲဖြစ်ပွားမှုမှာ (၉၀)ကြိမ် ရှိခဲ့ပြီး၊ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်(၁၁၀)ခု၊ ပြည်တွင်းနေရပ်စွန့်ခွာသူ အရေအတွက်မှာ (၇၉,၂၂၂)၊ အရပ်သားသေဆုံးမှု(၂၀၈)ဦးနှင့် အရပ်သားဒဏ်ရာရရှိမှုမှာ (၃၃၁)ဦးအထိ ရှိခဲ့ကြောင်း ဖော်ပြထားသည်။


ဆက်လက်ပြီး ဗန်းမော်ဒေသတွင်လည်း နှစ်ဖက်စစ်တပ်များ၏ ထိတွေ့တိုက်ပွဲမှာ လက်ရှိအချိန်ထိ ပြင်းထန်နေဆဲဖြစ်ပြီး၊ KIAမှလည်း ကျန်ရှိနေသေးသည့် စကခ(၂၁)တပ်စခန်းနှင့် ခလရ(၄၇)တပ်စခန်းတို့ကို သိမ်းပိုက်နိုင်ရန် ဦးတည်ထိုးစစ်ဆင်နေခဲ့ရာ စစ်ကောင်စီတပ်စခန်း အများစုကိုတော့ သိမ်းပိုက်ရရှိထားပြီး ဖြစ်သည်။


အလားတူ ဖားကန့်ဒေသ မြစ်ကြီးနား-ဖားကန့်သွားလမ်းပေါ်ရှိ နန့်ယားမှကပ်မှော်ဇွပ်တလျှောက် စစ်ရေးအရှန်မြင့်တက်ကာ နေ့စဉ်တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်သည်။


ဆက်လက်ပြင်းထန်နေသည့် တိုက်ပွဲအတွင်း စစ်တပ်က လေယာဉ်၊ ဗုံးများဖြင့် နေ့စဉ်နေ့ရောညပါ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေဆဲဖြစ်သလို KIAတပ်ဖွဲ့လည်း ဆက်လက်ထိုးစစ်ဆင်နေဆဲ ဖြစ်သည်။

သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page