top of page

ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်

  • Writer: Pajau Media
    Pajau Media
  • Aug 20, 2024
  • 1 min read

ပါ‌ဂျောင်မီဒီယာ

၂၀၊ ၈၊ ၂၀၂၄။



ree

နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုရန် KIA/KIO ဒုဥက္ကဌ ဟောင်း ဒေါက်တာမနမ်တူးဂျာဦးဆောင်သည့် ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP)ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်ကြောင်း ဩဂုတ်လ ၁၉ရက်နေ့တွင် ထုတ်ပြန်ထားပါသည်။


ထုတ်ပြန်ကြေညာချက်အရ ကချင်ပြည်နယ်ပြည်သူ့ပါတီ၏ မှတ်ပုံတင်အမှတ်မှာ၅၁ဖြစ်သည်ဟု ဖော်ပြထားသည်။


ထို့ကြောင့် နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း ဉပဒေအသစ်အရ မှတ်ပုံတင်ခွင့်ပြုထားသည့် နိုင်ငံရေးပါတီ စုစုပေါင်း ၅၁ပါတီရှိပြီဖြစ်ပါသည်။


ယခင်က ကချင်ပြည်နယ်ဒီမိုကရေစီပါတီ၊ ကချင်ဒီမိုကရက်တစ်ပါတီ၊ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ်တို့ ပူးပေါင်းပြီး ၂၀၁၈ ခုနှစ် နိုဝင်ဘာတွင် ကချင်ပြည်နယ်ပြည်သူ့ပါတီကို စတင်တည်ထောင်ခဲ့ပြီး မြစ်ကြီးနားမြို့အခြေစိုက် ပြည်ထောင်စုတိုင်းရင်းသားများ ဖက်ဒရယ်ဒီမိုကရေစီပါတီက ၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် ထပ်မံ ပူးပေါင်းလာမှုကြောင့် ကချင်ပြည်နယ်ပြည်သူ့ပါတီသည် ကချင်ပါတီ လေးပါတီ တရားဝင် ဖျက်သိမ်းပြီး ပေါင်းစည်းထားသည့်ပါတီ ဖြစ်လာခဲ့သည်။


KSPP ပါတီ၏ ပထမအကြိမ် ညီလာခံကို ၂၀၁၈ မတ်လဆန်းက ကျင်းပခဲ့ပြီး ပါတီဥက္ကဋ္ဌအဖြစ် ဒေါက်တာ မနာမ်တူးဂျာ အပါအဝင် ပါတီဒုတိယဥက္ကဋ္ဌ လေးဦး ရွေးချယ်တင်မြှောက်ခဲ့သည်။ ထို့အတူ ၂၀၁၉-၂၀၂၀ခုနှစ်တွင် ကချင်ပြည်နယ်အတွင်း မြို့နယ် ၁၈ မြို့နယ်ရှိသည့်အနက် မြို့နယ် ၁၂ မြို့နယ်တွင် ပါတီရုံးခွဲများ ဆိုင်းဘုတ်တင် ဖွင့်လှစ်ထားနိုင်ခဲ့သည့် ပါတီကြီးဖြစ်ခဲ့ပြီး ၂၀၂၁ စစ်ကောင်စီ အာဏာသိမ်းပြီးအချိန်မှစ၍ ယနေ့ထိတိုင် ပါတီရုံးခွဲများနှင့် ဆိုင်းဘုတ်တင် ဖွင့်လှစ်နိုင်ခြင်းမရှိကြောင်း သိရှိရသည်။


၂၀၂၀ရွေးကောက်ပွဲတွင် KSPPမှ ကချင်ပြည်နယ်အတွင်း မြို့နယ်ပေါင်း ၁၈ မြို့နယ်အတွက် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်နေရာပေါင်း ၆၈ နေရာကို ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပါသည်။ သို့သော်လည်း ပြည်နယ်လွှတ်တော် ၃နေရာနှင့် ပြည်သူ့လွှတ်တော် ၁နေရာသာ အနိုင်ရရှိခဲ့သည်။


Comments


Pajau Media

Thanks for subscribing!

bottom of page