top of page

ကချင်ပြည်နယ်၊ ဖားကန့်ဒေသတွင် စစ်ကောင်စီတပ်မှ ဆိုင်းတောင်ကျေးရွာတွင် အရပ်သား ပြည်သူများအား ဖမ်းဆီးထိန်းချုပ်မှု ရှိနေပြီး၊ ပစ်ခတ်ခြိမ်းခြောက်မှုပါ ရှိနေ

  • Writer: Pajau Media
    Pajau Media
  • Sep 9, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၉ ၊ ၉ ၊ ၂၀၂၄



တိုက်ပွဲပြင်းထန်နေသည့် စစ်ကြောင်းထိုးလှုပ်ရှားနေသည့်အပြင် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများ ရှိနေပြီး၊ လမ်းသွားလမ်းလာပြည်သူများအား စစ်ဆေးမေးမြန်းခြင်းနှင့် ပစ်ခတ်ခြိမ်းခြောက်မှုများ ရှိနေသည်ဟု ဒေသခံများ ပြောပြချက်အရ သိရသည်။


စစ်တပ်မှ လမ်းသွားလမ်းလာပြည်သူများကို စစ်ဆေးမေးမြန်းပြီး ပစ်ခတ်ခြိမ်းခြောက်သည့် နေရာမှာ Lucky Man Hotel ရှေ့နေရာတွင် ဖြစ်ပြီး၊ စက်တင်ဘာ ၇ရက်နေ့မှာလည်း ပြည်သူသုံးဦးကို ပစ်ခတ်သတ်ဖြတ်ထားပြီး၊ ဖမ်းဆီးထိန်းသိမ်းထားသည့် အချို့ပြည်သူများလည်း ရှိနေသည်ဟု ဆိုသည်။


စစ်ကောင်စီတပ်မှာ ပြီးခဲ့သည့် စက်တင်ဘာလ ၇ရက်နေ့ညကတည်းက ဆိုင်းတောင်ကျေးရွာအတွင်း စစ်ကြောင်းအလုံးအရင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာပြီး၊ Lucky Man Hotel ရှေ့၊ မနက်ဈေးနေရာတွင် စခန်းချနေထိုင်ကာ၊ လမ်းသွားလမ်းလာပြည်သူများကို စစ်ဆေးမေးမြန်းကာ ဖမ်းဆီးထိန်းသိမ်းခြင်းနှင့် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။


ထို့အပြင် KIAပူးပေါင်းတပ်ဖွဲ့နှင့် စစ်တပ်တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး၊ စစ်ကောင်စီတပ်မှလည်း လက်နက်ကြီးဖြင့် ပြင်းထန်စွာ ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် ဆိုင်းတောင်ကျေးရွာ အရပ်သားပြည်သူများ၏ နေအိမ်များအတွင်း ကျရောက်ပေါက်ကွဲခဲ့သဖြင့် နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။


နှစ်ဖက်ထိတွေ့တိုက်ပွဲမှာ စက်တင်ဘာလ၈ရက်နေ့အထိ ဆက်လက်ပြင်းထန်နေဆဲဖြစ်သည့်အပြင် ဆိုင်းတောင်ကျေးရွာ ဒေသခံများမှာ လုံခြုံသည့် ဘေးလွှတ်ရာနေရာသို့ ကိုယ်ထူကိုယ်ထ ထွက်ပြေးတိမ်းရှောင်နေကြပေမယ့်၊ နှစ်ဖက်စစ်ရေးလှုပ်ရှားမှုမှာ တင်းမာနေဆဲဖြစ်သည်။


ဆိုင်းတောင်ကျေးရွာတွင် စစ်ကြောင်းထိုးလှုပ်ရှားလာသည့် စစ်တပ်အင်အားမှာ ၆၀ကျော်ရှိပြီး၊ စက်တင်ဘာလ ၇ရက်နေ့ကတည်းက စစ်ရေးတစ်ဖန် ပြင်းထန်လာခြင်းဖြစ်သည်။


Comments


Pajau Media

Thanks for subscribing!

bottom of page