ကချင်ပြည်နယ်၊ဖားကန့်ဒေသတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီ ဒေသခံများအရေးပေါ်ပြောင်းရွှေ့နေရ
- Pajau Media

- Jul 5, 2025
- 1 min read
ပါဂျောင်မီဒီယာ။
၅ရက်၊ဇူလိုင်လ၊၂၀၂၅။

ဖားကန့်ဒေသတွင် KIAနှင့် စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။
ဇူလိုင်လဆန်း၄ရက်နေ့ နံနက်၈နာရီအချိန်ကတည်း က အင်မားယန် သင်္ချိုင်းကုန်းနှင့် ဆွတ်ဘွမ် အမိုက်ပှုံအကြားနေရာတွင် KIAပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီပူးပေါင်းဖွဲ့များ ထိတွေ့တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း ထပ်မံသိရှိရသည်။
တိုက်ပွဲဖြစ်ပွားနေသည့် နေရာဘက်သို့ ဖားကန့်ဗျူဟာကုန်းနှင့် ကံဆီး(Ginsi)ကျေးရွာတွင် အခြေစိုက်ထားသည့် စစ်တပ်စခန်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ကူနေကြောင်း သိရသည်။
ထို့ကြောင့် အင်မားယာန်နှင့် အမိုက်ပှုံကျေးရွာမှ ဒေသခံများမှာ ယမန်နေ့ကတည်းက ဘေးလွှတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး၊ နှစ်ဖက်တိုက်ပွဲမှာ ယနေ့အထိ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။
သတင်း - ထုဆိုင်း




Comments