top of page

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လမောင်တပ်စခန်းတွင် တိုက်ပွဲပြင်းထန်နေ

  • Writer: Pajau Media
    Pajau Media
  • Aug 14, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၄၊ ၈၊ ၂၀၂၄



ကချင်ပြည်နယ် ဖားကန့်မြို့ အမြင့်ဆုံးတောင်ထိပ်တွင် တပ်စွဲထားသော လမောင်ကုန်း ဗျူဟာမြောက် တပ်စခန်းကုန်းကို ဩဂုတ်လ ၁၄ရက်နေ့ နံနက် ၃ နာရီဝန်းကျင်တွင် ကချင်လွတ်လပ်ရေးတပ်၊ ကချင်ပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲပြင်းထန်လျှက်ရှိသည်။


ထိုတပ်စခန်းတွင် စစ်အင်အား ၂၀၀ ဝန်းကျင်ခန့်ရှိပြီး လုံးခင်းအုပ်စုတွင်တည်ရှိကာ လုံးခင်း၊ဖားကန့်နှင့် ဆိပ်မှုအုပ်စု ဆက်စပ်သည့်နေရာလည်းဖြစ်ပြီး ထိုဒေသအားလုံးကို အပေါ်စီးကနေ မြင်နိင်သည့် အမြင့်ဆုံးတောင်တွင် တပ်စွဲထားသည့်တပ်စခန်းဖြစ်သည်။ ထိုပြင်တပ်စခန်းသို့ ဝင်ထွက်သွားလာနိုင်သည့် လမ်းကြောင်းတစ်ခုတည်းသာရှိသည်ဟုသိရပါသည်။


တပ်စွဲထားသည်မှာ ဆယ်စုနှဏ်တစ်စုကြာ ဗျူဟာမြောက်စခန်းဖြစ်ပြီး ဖားကန့်မြို့ထဲရှိ ဗျူဟာကုန်းနှင့် လုံးခင်းယမ်းချက်ကို လက်နက်များပစ်ခတ်ကူညီလျက်ရှိသော အဓိကစခန်းကြီးဖြစ်သကဲ့သို့ စစ်ရေးအရ အရေးပါသောတပ်စခန်းကြီးဖြစ်သည်။


လမောင်ကုန်းတပ်စခန်းကြီးသည် ဖားကန့်မြို့နှင့် ၅ မိုင်မျှသာကွာဝေးပြီး ထိုတပ်စခန်းကို ကချင်တော်လှန်ရေးအင်အားစုများ သိမ်းပိုက်နိုင်ခဲ့ပါက ဖားကန့်မြို့တစ်ခုလုံးကျသွားနိုင်သည်ဟု ဒေသခံများက သုံးသပ်နေကြပါသည်။


ကချင်ပြည်နယ် တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် ဖုန်းလိုင်း အင်တာနက်လိုင်းများ ဖြတ်တောက်ထားက သတင်းအမှောင်ချထားလျက်ရှိပြီး ဖားကန့်ဒေသတွင် ဖားကန့်ပြည်သူများသည် IP STAR တပ်ဆင်ထားသောဆိုင်တစ်ဆိုင်တွင် တစ်နာရီတွင် ငွေကျပ် ၃သောင်းပေးကာ တုံကင်စနစ်ဖြင့် ဝယ်ယူအသုံးပြုနေရပါသည်။


ရှမ်းမြောက်ရှိ “၁၀၂၇ စစ်ဆင်ရေး” ပထမလှိုင်း ရပ်တန့်နေချိန် မတ်လမှ စတင်ကာ ကချင်ပြည်နယ်အတွင်း KIA က ထိုးစစ်ဆင်ခဲ့ရာ မေလကုန်အထိ စစ်ကောင်စီတပ်၏ တပ်ရင်းအခြေစိုက်စခန်းများအပါ စခန်းပေါင်း ၁၀၀ ကျော် နှင့် ရှမ်းမြောက်ရှိ မဘိမ်းမြို့၊ ကချင်ရှိ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆဒုံး၊ ဆင်ဘို၊ မြို့လှ၊ လွယ်ဂျယ် စသည့် မြို များကို သိမ်းပိုက်နိုင်ခဲ့သည်။


Comments


Pajau Media

Thanks for subscribing!

bottom of page