top of page

ကချင်ပြည်နယ် ဗန်းမော်ခရိုင် စဲခန်းအုပ်စု နန်းခုတ်ရွာရှိ တရုတ်ငှက်ပျောခြံများတွင် တရားမဝင်တရုတ် မြေသြဇာများ အလွန်အကျွံသုံးစွဲသောကြောင့် လူနှင့်တိရစ္ဆာန်များ ဆုံးရှုံးခဲ့

  • Writer: Pajau Media
    Pajau Media
  • Aug 2, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂၊ ၈၊ ၂၀၂၄



ကချင်ပြည်နယ် ဗန်းမော်မော်ခရိုင် စဲခန်းအုပ်စု နန်းခုတ်က တရုတ်ငှက်ပျောခြံများတွင် တရားမဝင် တရုတ် ၉၁ ပေါင်းစပ်ဆေး၊ မြေဆီတွေကို အများကြီးသုံးစွဲနေတယ် ဟု နီးစပ်သူ ထံမှ သိရှိရပါသည်။ “ လွန်ခဲ့တဲ့သုံးနှစ်ကျော်က ဒီလိုသုံးခဲ့ တာကြောင့် လူနဲ့တိရစ္ဆာန်တွေသေဆုံးခဲ့တယ်ဗျာ။ အက်တုန်းကဆို ရွာထဲမှာက ၁၈ ယောက်လောက်နဲ့ အလုပ်သမားထဲက ၁၃ ယောက်လောက် အသက်ဆုံးရှုံးခဲ့တယ်။ လယ်တွေလည်း ပျက်တယ်။ တိရိစ္ဆာန်တွေလည်း ကုန်တယ်။ အခုလည်း တိုက်ပွဲကလည်းရှိ၊ ကုန်စျေးနှုန်းကလည်းအဆမတန်ကြီး၊ စားဝတ်နေရေးကလည်းအဆင်မပြေ၊ ခေတ်မ ကောင်းတာကို အခွင့်ရေးယူပြီးတော့ ရပ်ရွာအပါအဝင် တာဝန်ခံအဆင့်ဆင့်က အခွင့်အရေးယူနေကြတော့ အလုပ်သမားတွေအဖက်ဖက်က နစ်နာတာတွေရှိတယ်ဗျ။ ပြီးတော့ မြေငှါးရမ်းခတွေ စျေးနှိမ်ခံရတာတွေအပြင် မြေတွေ၊ ရေတွေ ညစ်ညမ်းပျက်စီးလာတာလည်းကြုံနေရပါတယ်၊ ဒါနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူအနေနဲ့ ကူညီစစ်ဆေးပေးပြီးတော့ ဖြေရှင်းပေးကြဖို့ပြောချင်တယ်ဗျာ” ဟုဒေသခံ တောင်သူတွေမှ ပါဂျောင်မီဒီယာသို့ ပြောကြားလာပါသည်။ သဘာဝပတ် ဝန်းကျင်ထိမ်းသိမ်းရေး အဖွဲ့ ကချင်ပြည်နယ် အနေနဲ့လည်း ပါဝင်ထိမ်းသိမ်း ကာကွယ်ပေး ဖို့လိုအပ်နေတယ်လို့လည်း ဒေသသခံတောင်သူများမှ တောင်းဆိုထားပါသည်။


ယခုနောက်ပိုင်းတွင် နေ့စားအလုပ်သမားများ စစ်ကောင်စီ နှင့် ပြည်သူ့စစ်များ ကျေးရွာအလိုက် ပေါ်တာ ဆွဲလာကြောင်းကိုလည်း သိရှိရသည်။ “အရင်ကဆို ညဘက်တွေ ဘာတွေကျမှ ဧည့်စာရင်းလာမေး ဟိုမေးဒီမေးနဲ့၊ အခုဆို နေ့လည်း အကြောင်းမရှိ အကြောင်းရှာပြီး လာဖမ်းနေတာဗျ” ဟု ၄င်းဒေသခံမှ ပြောကြားခဲ့သည်။

အလားတူကိစ္စရပ်များကိုလည်း ကချင်ပြည်နယ် ပန်ဝါအထူးဒေသရှိပြည်သူ့စစ်များမှ စစ်သားစုဆောင်းရေးအနေနှင့် မြေရှားသတ္တုတူးဖော်နေသော လုပ်သားများကို ဖမ်းဆီးနေကြောင်း ဒေသခံမှ ပါဂျောင်မီဒီယာသို့ ပြောကြားလာပါသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page