top of page

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း အဖျော် ယမကာ နှင့် ဘီယာစျေးများ အဆမတန်မြင့်တက် လျှက်ရှိနေ

Writer: Pajau Media
Pajau Media
Sep 10, 2024
1 min read

ပါဂျောင်မီဒီယာ

၁၀၊ ၉၊ ၂၀၂၄။



မြစ်ကြီးနား - ရွှေဘို ကားလမ်း ပိတ်ပြီးချိိန်မှ စ၍ ကချင်ပြည်နယ်အတွင်း လူသုံးကုန်၊ စားသောက်ကုန် များပါမက အဖျော်ယမကာနှင့် ဘီယာစျေးနှုန်းများပါ မြင့်တက်လျှက်ရှိကြောင်း သိရှိရသည်။


မြစ်ကြီးနားမြို့တွင်းရှိ အချို့သောဆိုင်ကြီးများတွင် တိုက်ဂါးဘီယာ (Tiger Beer) ဗူးတို တစ်ဗူးလျှင် ၉၀၀၀ ကျပ်ရှိပြီး၊ ပုလင်းတစ်ပုလင်းလျှင် ၁၆၀၀၀ကျပ်မှ ၁၈၀၀၀ ကျပ်အထိ တိုးမြှင့် ရောင်းချနေကြောင်း ဒေသခံများမှ ပါဂျောင်မီဒီယာသို့ ပြောပြလာသည်။


ယုဇနရပ်ကွက်လမ်းမကြီးပေါ်ရှိ အဖျော်ယမကာနှင့်ဘီယာရောင်းဝယ်ဆိုင်မှ “အခု စျေးတွေတက်တာက ကုန်ပစ္စည်းမှာယူရတာ လမ်းတွေပိတ်တော့ တစ်ခါတလေ လေယာဉ်နဲ့မှာရတယ်… တစ်ချို့ export Beer တွေနဲ့ နိုင်ငံခြားအရက်တွေကိုက လေယာဉ်နဲ့ပဲ သယ်ရတယ် … ပြီးတော့ ဒီ local beers တွေကျတော့ ဟိုတစ်လောက ပစ္စည်းပြတ်သွားပီး အခုမှ မန်းလေးဘက်ကနေ ကားအသေးနဲ့ပြန်ဝင်လို့ ပြန်ရတာဗျ .. အက်ဒါကြောင့် သယ်ယူစရိတ်တွေနဲ့ကျတော့ စျေးက အဆမတန်တက်လာတာပါဗျ” ဟု ပါဂျောင်မီဒီယာကို ပြောလာသည်။




“အခုဘီယာဆို ဝယ်ချင်တိုင်းတောင် ဝယ်လို့မရဘူး … စည်ဘီယာဆိုလည်း တူးဘို့ တစ်မျိုးပဲရတော့တယ်.. ဟန်နီကယ်ဆိုရင် စျေးကြီးလွန်းလို့ အနားတောင်မကပ်နိုင်ဘူးဗျာ”ဒေသခံတစ်ဦးမှလည်း ဆိုသည်။


စစ်ရေးအရှိန် မြင့်တက်လာမှုကြောင့် မြစ်ကြီးနား- မန္တလေး ကားလမ်းပိတ်ထားသည်မှာ တစ်လဝန်းကျင်ခန့် ရှိလာပြီး ကုန်စည်ပြတ်လပ်မှုနဲ့ ကုန်စျေးနှုန်း အဆမတန်ထိုးတက်လာမှုကို ကချင်ပြည်သူလူထုအနေဖြင့် ရင်ဆိုင်ကြုံတွေ့နေကြပါသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page