top of page

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နေရာအချို့တွင် ဇွန်လ ၁၆ ရက် နံနက်ပိုင်းအချိန်ကတည်းမှ Mytel ဖုန်းလိုင်း ပြန်လည်ရရှိလာ

  • Writer: Pajau Media
    Pajau Media
  • Jun 17, 2025
  • 1 min read

ပါဂျောင်မီဒီယာ၊

၁၇ရက်၊ဇွန်လ၊၂၀၂၅။


ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နေရာအချို့တွင် ယမန်နေ့ ဇွန်လ ၁၆ ရက် နံနက်ပိုင်းအချိန်ကတည်းက Mytel ဖုန်းလိုင်း ပြန်လည်ရရှိလာကြောင်း မြစ်ကြီးနားမြို့ခံများက ပြောသည်။


မြစ်ကြီးနားမြို့ နေရာ အချို့တွင် စစ်တပ်ပိုင် Mytel ဖုန်းလိုင်းများ ပြန်လည်ရရှိသော်လည်း အင်တာနက်လိုင်းများ မရရှိသေးကြောင်းကို “မနေ့က မနက်ပိုင်းလောက် ကတည်းက စရတာ၊ ဖုန်းလိုင်းပဲ ရသေးတယ်၊ အင်တာနက်လိုင်း တော့ မရသေးဘူး၊ အင်တာနက်လိုင်းက E လိုင်းပဲ ပေါ်နေတယ်။” ဟု မြစ်ကြီးနား မြို့ခံတစ်ဦးက ပြောသည်။


ကချင်ပြည်နယ်ရှိ ရပ်ကွက်အများစုတွင် Atom(Telenor)၊ Ooredoo၊နှင့် MPT အော်ပရေတာများ၏ ဆက်သွယ်ရေးဖုန်းလိုင်းများ၊ အနည်းငယ်ရရှိသော်လည်း၊ အင်တာနက်လိုင်းမှာ လက်ရှိအချိန်ထိ မရရှိသေးကြောင်း သိရသည်။


လက်ရှိတွင် Starlink ကဲ့သို့သော ဝိုင်ဖိုင်စက်များဖြင့် ဆိုင်ဖွင့်ကာ တစ်နာရီတစ်ထောင်ကျပ်မှအထက် အခကြေးငွေဖြင့် အသုံးပြုနေကြရသည်။


စစ်ကောင်စီက ကချင်ပြည်နယ်တွင် အင်တာနက်လိုင်းနှင့် ဖုန်းလိုင်း ရုတ်တရက်ဖြတ်တောက်ခဲ့သည်မှာ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇွန်လိုင်လ ၂၁ ရက်တွင် ဖြစ်ပြီး၊ တစ်နှစ်နီးပါးကြာမြင့်လာသည်အထိ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဆက်လက်ပိတ်ပင်ထားဆဲ ဖြစ်သည်။


သတင်း - ဇော်


Comments


Pajau Media

Thanks for subscribing!

bottom of page