top of page

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ အခြေခံပညာရေးကျောင်းများတွင် ကချင်ပြည်နယ် ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးပေးနေ

  • Writer: Pajau Media
    Pajau Media
  • Jun 9, 2025
  • 1 min read

ပါ‌ဂျောင်မီဒီယာ

၉ရက်၊ဇွန်လ၊၂၀၂၅။


ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှု တစ်ဖန်ပြန်လည် ပျံ့နှံ့လာသောကြောင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ အခြေခံပညာရေးကျောင်းများတွင် ကချင်ပြည်နယ် ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးပေးနေကြောင်း ကျောင်းသားများက ပြောသည်။


“ကိုဗစ်က အရမ်းပြန်ဆိုးလာနေလို့ ကျောင်းထိ ကိုဗစ်ကာကွယ်ဆေး လိုက်ထိုးပေးနေတယ်။ သူတို့လာထိုးပေးတော့ကောင်းတာပေါ့။ ကျောင်းပျက်ပြီး ဆေးရုံထိသွားထိုးစရာမလိုတော့ ကျောင်းသူ/သားများအတွက် ပိုကောင်းသွားတယ်” ဟု G-12 ကျောင်းသူတစ်ဦးက ပြောသည်၊၊


ကချင်ပြည်နယ် ကျန်းမာရေးဝန်ကြီးဌာနရုံးမှ ကိုဗစ်-၁၉ကာကွယ်ဆေးကို ဇွန်လ၅ရက်နေ့မှစပြီး အခြေခံပညာရေးကျောင်းများတွင် စတင်လိုက်လံ ထိုးနှံပေးလျက်ရှိပြီး၊ အမှတ်(၅) အထက်တန်းကျောင်းမှာ‌တော့ လာရောက်ထိုးနှံပေးပြီးပြီဟု သိရသည်။


လက်ရှိ မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုနှုန်း ပြန်လည်မြင့်တက်လာသောကြောင့် ကာကွယ်ဆေးကို သက်ဆိုင်ရာတာဝန်ရှိသူများမှ ကျောင်းဝင်းအထိ လာရောက်ထိုးပေးနေခြင်းဖြစ်ကြောင်း သိရသည်။


ထို့အပြင် မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်ကာကွယ်ဆေးကို ပြန်လည်ထိုးနှံ‌ပေးလျက်ရှိပြီး၊ ပြည်သူများအနေဖြင့် ကိုဗစ်ကာကွယ်ဆေး ပြန်လည်ထိုးကြရန် လိုအပ်ကြောင်း တိုက်တွန်းနိုး‌ဆော်ထားသည်။

ကိုဗစ်‌-၁၉ရောဂါက ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှစတင်ပြီး နိုင်ငံတကာတွင် စတင်ကူးစက်ပျံ့နှံ့လာခြင်းဖြစ်ပြီး၊ ကလေး၊လူကြီးမရွေး ကူးစက်မှုမြန်ဆန်ပြီး စိုးရိမ်ရသည့် ရောဂါတစ်မျိုးဖြစ်ခဲ့သည်။


မြန်မာနိုင်ငံ ကျန်းမာ‌ရေးဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါအား ကမ္ဘာ့ကပ်ရောဂါအဖြစ် မသတ်မှတ်တော့ဘဲ ရာသီတုတ်ကွေးရောဂါကဲ့သို့ ဒေသအတွင်း ပုံမှန်ကူးစက်ဖြစ်ပွားတတ်သည့် ရောဂါအဖြစ်သာ ပြောင်းလဲသတ်မှတ်ထားသောကြောင့် ကျန်းမာရေးဆိုင်ရာ အသိပေးချက်များကို လိုက်နာကျင့်သုံးရန်လိုအပ်ကြောင်း ဖော်ပြထားသည်။


သတင်း-ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page