top of page

ကချင်ပြည်နယ် မြစ်ကြီးနားမြို့အနီး ၅.၅အဆင့်ရှိ မြေငလျင် လှုပ်ခတ်သွား

  • Writer: Pajau Media
    Pajau Media
  • 2 days ago
  • 1 min read

ပါဂျောင်မီဒီယာ

၂၅ရက်၊ဖေဖော်ဝါရီ၊၂၀၂၆။


ကချင်ပြည်နယ်၊ မိုးမောက်မြို့အနီး မြေအောက်အနက် ၁ကီလိုမီတာခန့်ကို ဗဟိုပြု၍ ရစ်ခ်တာစကေး ၅.၅အဆင့်ဖြင့် အင်အားအတော်အသင့်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း သိရသည်။


ယနေ့ ဖေဖော်ဝါရီ ၂၅ရက် နံနက်ပိုင်း ၉နာရီ၄၆မိနစ်အချိန်ခန့်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး၊ ယင်းငလျင်လှုပ်ခတ်မှုအား မြစ်ကြီးနားမြို့ပေါ်ရှိ ပြည်သူများအပါအဝင် လိုင်ဇာ၊ မိုင်ဂျာယန် ဝိုင်းမော်နှင့် အင်ဂျန်းယန်အထိ သိသိသာသာ ခံစားခဲ့ရကြောင်း သိရသည်။


ထို့အပြင် ယနေနံနက်အစောပိုင်းနှင့် နှောင်းပိုင်းအထိ ကချင်ပြည်နယ်အပြင် အိမ်နီးချင်းနိုင်ငံများတွင်လည်း ငလျင်အကြိမ်ကြိမ် လှုပ်ခတ်ခဲ့သည်။


ငလျင်ဗဟိုမှ ကီလိုမီတာ ၅၀ ပတ်လည်အတွင်းရှိ ဒေသများတွင် လှုပ်ခါမှုကို ခံစားရနိုင်သည့်အပြင်၊ ဤငလျင်သည် လူအများစု သိသိသာသာ ခံစားရနိုင်သော ငလျင်ဖြစ်သဖြင့် အဆောက်အဦးအတွင်းရှိ ပစ္စည်းများ လှုပ်ခါခြင်းနှင့် အနည်းငယ် ထိခိုက်ပျက်စီးမှုများ ရှိနိုင်သည်။ ထို့ကြောင့် နောက်ဆက်တွဲ ငလျင်ငယ်များ ရှိနိုင်သဖြင့် ပြည်သူများ သတိရှိကြရန် နိုးဆော်ထားသည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page