top of page

လွှတ်တော်အစည်းအဝေးကို မတ်လတွင် စတင်ကျင်းပမည်

  • Writer: Pajau Media
    Pajau Media
  • 2 days ago
  • 1 min read

ပါဂျောင်မီဒီယာ

၂၅ရက်၊ဖေဖော်ဝါရီ၊၂၀၂၆။


ကချင်ပြည်နယ်အပါအဝင် တိုင်းနှင့် ပြည်နယ် လွှတ်တော်အစည်းအဝေးကို လာမည့် မတ်လ ၂၀ ရက်နေ့တွင် စတင်ပြုလုပ်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။


ကချင်ပြည်နယ်တွင် မြို့နယ် ၁၈မြို့နယ်အနက် စစ်ကောင်စီက မြို့နယ် ၁၀ မြို့နယ်တွင်သာ ရွေးကောက်ပွဲကိုပြုလုပ်ခဲ့ရာ ထို၁၀မြို့နယ်လုံးတွင် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။


ထို့ကြောင့် တိုင်းနှင့် ပြည်နယ် အနိုင်ရပါတီ ကိုယ်စားလှယ်များအနေဖြင့် မတ်လ ၁၅ ရက်နေ့ထက် နောက်မကျစေဘဲ သတင်းပို့ကြရန် ထုတ်ပြန်ထားသည်။


ကချင်ပြည်နယ်လွှတ်တော်ထဲတွင် ပြည်ခိုင်ဖြိုးပါတီက လွတ်တော်အမတ် ၂၁ နေရာထိရရှိထားပြီး စစ်တပ်ကလည်း ကိုယ်စားလှယ် ၁၁ ယောက်စေလွှတ်ထားသည်။


စစ်ကောင်စီကဦးဆောင်မည့် တတိယအကြိမ် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းနှင့် ပြည်နယ်လွှတ်တော်များ၏ ပထမ ပုံမှန်အစည်းအဝေးများကို မတ်လအတွင်း စတင်ကျင်းပမည်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။


သတင်း-ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page