ကချင်ပြည်နယ်၊ မိုးညှင်းမြို့မှ အသက်၂၃နှစ်အရွယ် မိန်းကလေးတစ်ဦး ပျောက်ဆုံးနေ
- Pajau Media

- Jul 17, 2025
- 1 min read
ပါဂျောင်မီဒီယာ။
၁၇ရက်၊ဇူလိုင်လ၊၂၀၂၅။

မိုးညှင်းမြို့၊ မရင်းကုန်းကျေးရွာမှ အသက် ၂၃အရွယ်ရှိသည့် မနန်းရွှေယမင်းဦးဆိုသူ မိန်းကလေးမှာ ဇွန်လ၂၆ရက်နေ့ကတည်းက ပျောက်ဆုံးနေခဲ့ပြီး၊ လက်ရှိအချိန်အထိ အဆက်အသွယ်ပြတ်ကာ ပျောက်ဆုံးနေကြောင်း သိရသည်။
ပျောက်ဆုံးနေသည့် မိန်းကလေးမှာ ပြီးခဲ့သည့် ဇွန်၂၆ရက် ညနေ၃နာရီဝန်းကျင်အချိန်က အပြင်သွားဦးမည်ဟု ပြောကာ အိမ်ပြန်ရောက်မလာဘဲ ပျောက်ဆုံးသွားခြင်း ဖြစ်သည်ဟုဆိုသည်။
ထို့ကြောင့် မိဘများနှင့် နီးစပ်သူများမှာ စိုးရိမ်ပူပန်နေပြီး၊ မိုးညှင်းမြို့တစ်ဝိုက် အသည်းအသန်ရှာဖွေခဲ့သော်လည်း၊ ယနေ့အချိန် ၂၁ရက်ကြာလာသည်အထိ မည်သည့်သတင်းအစအနမှ မသိရသည့်အပြင် အဆက်အသွယ်မရပဲ ပျောက်ဆုံးနေကြောင်း သိရသည်။
ပျောက်ဆုံးနေသည့် မိန်းကလေး၏ မိဘနှင့် နီးစပ်သည့်ဆွေမျိုးများမှာ လက်ရှိအချိန်ထိ မိန်းကလေးအား ရှာဖွေနေဆဲဖြစ်ပြီး တွေ့ရှိပါက မိသားစုများထံဆက်သွယ်အကြောင်းကြားပေးရန် ဖုန်း (၀၉-၄၄၁၂၈၈၉၈၈)၊ (၀၉-၈၉၄၀၂၇၅၁၆)နှင့် (၀၉-၆၇၈၃၈၀၂၀၅) စသည့် နံပါတ်များကိုလည်း ထည့်သွင်းရေးသားထားသည်။
ထို့အပြင် အဆိုပါနေ့တစ်ရက်ထဲ ဇွန်၂၆ရက်နေ့တွင်လည်း ဝိုင်းမော်မြို့၊ နောင်တာလောရပ်ကွက်(၁)မှ အသက်၂၉နှစ်အရွယ် အမျိုးသားတစ်ဦးလည်း ပျောက်ဆုံးနေခဲ့ပြီး၊ လက်ရှိအချိန်ထိ ရှာမတွေ့သေးကြောင်း သိရသည်။
သတင်း - ကချင်ပြည်သား




Comments