top of page

ကချင်ပြည်နယ်၊ ဝိုင်းမော်ဒေသတွင် စစ်ကောင်စီမှ စစ်အင်အားတိုးမြင့်လှုပ်ရှားနေခြင်းကြောင့် တိုက်ပွဲပြန်လည်ဖြစ်ပွားလာမည်ကို ဒေသခံများစိုးရိမ်လျက်ရှိ

  • Writer: Pajau Media
    Pajau Media
  • Mar 20, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၂၀ရက်၊မတ်လ၊၂၀၂၅။



ကချင်ပြည်နယ်၊ ဝိုင်းမော်ဒေသတွင် စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့များ စစ်အင်အားတိုးမြင့်ကာ စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်နေကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။


ပြီးခဲ့သည့် မတ်လ ၁၇ရက်နေ့ကတည်းက ဝိုင်းမော်ဒေသဘက်သို့ မြစ်ကြီးနားဘက်မှ စစ်ကောင်စီမှ စစ်ကား(၁၀)စီးအပြည့်၊ စစ်အင်အားအလုံးအရင်းဖြင့် အင်အားတိုးမြင့်လာခြင်းဖြစ်သည်ဟု ဆိုသည်။


တစ်ဖက်မှာလည်း ဖေဖော်ဝါရီ ၁၆ရက်နေ့ကတည်းက ပြန်လည်ဖွင့်လှစ် သွားလာဖြတ်သန်းခွင့် ပြုထားသည့် ဝိုင်းမော်မြို့ရှိ ခလရ(၅၈) တပ်ရင်းအရှေ့နှင့် ဝူယန်ပြည်သူ့စစ်ဂိတ်များကိုလည်း မတ်လ ၁၀ရက်ကျော်တွင် ထပ်မံပိတ်ပင်ထားခဲ့သည်။


ဝိုင်းမော်မြို့နယ်ရှိ နေရာဒေသအများစုကို KIAပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်ရာ လက်ရှိတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီမှ စစ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး လှုပ်ရှားမှုများ လုပ်ဆောင်နေသောကြောင့် တိုက်ပွဲဖြစ်ပွားလာမည်ကို ဒေသခံများ စိုးရိမ်နေကြသည်ဟု ဆိုသည်။


လက်ရှိမှာတော့ ဗန်းမော်ဒေသတွင် ထိတွေ့တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်သည့်အပြင် စစ်ကောင်စီမှ လေကြောင်းဖြင့်


စစ်အင်အား၊အစားအသောက်၊ စစ်သုံးပစ္စည်းများ လာရောက်ပို့ချပေးနေခြင်းကြောင့် တိုက်ပွဲကာလ ကြာမြင့်နေကြောင်း သိရသည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page