top of page

ကချင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာခက်အောင် အပါအဝင်အကျဉ်းသား (၅၃)ဦး လွှတ်ငြိမ်းချမ်းသာခွင့်ဖြင့်လွှတ်မြောက်လာ

  • Writer: Pajau Media
    Pajau Media
  • Jan 4, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၄ရက်၊ဇန္နဝါရီ၊၂၀၂၅။



ယနေ့ ဇန္နဝါရီ (၄)ရက်နေ့တွင် ကျရောက်သည့် လွှတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းသား (၅၀၀၀)ကျော်ကို စစ်ကောင်စီက လွှတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ရာ မြစ်ကြီးနားအကျဉ်းထောင်မှ အကျဉ်းသား(၅၃)ဦး လွှတ်မြောက်လာခဲ့ပြီး၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာခက်အောင်လည်း လွှတ်မြောက်ခဲ့ကြောင်း သိရသည်။


ကချင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာခက်အောင်သည် စစ်ကောင်စီမှအာဏာစသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁)ရက်နေ့ကတည်းက ဖမ်းဆီးခံထားရပြီး၊ အဂတိလိုက်စားမှုဥပဒေ ပုဒ်မ(၅၅)နှင့် အမှုပေါင်း (၄)မှုအတွက် (၁)မှုလျှင် ထောင်ဒဏ်(၃)နှစ်စီဖြင့် စုစုပေါင်း ထောင်ဒဏ် (၁၂)နှစ်ချမှတ်ခံထားရသူ ဖြစ်သည်။


အဆိုပါ မြစ်ကြီးနားအကျဉ်းထောင်မှ လွှတ်မြောက်လာသော အကျဉ်းသား (၅၃)ဦးတွင် အမျိုးသမီး (၂)ဦးသာ ပါဝင်ခဲ့ပြီး၊ လွှတ်ငြိမ်းချမ်းသာခွင့် ရရှိခဲ့ကြသူများမှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် (၅၈၆၄)ဦး လွှတ်မြောက်ခဲ့ကြသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page