top of page

ကချင်ပြည်နယ်အတွင်း ဖုန်းနှင့်အင်တာနက်လိုင်း ဖြတ်တောက်ခံရမှု တစ်နှစ်ပြည့်လာ

  • Writer: Pajau Media
    Pajau Media
  • Jul 21, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၂၁ရက်၊ဇူလိုင်၊၂၀၂၅။


ကချင်ပြည်နယ်တွင် MPT၊ Ooredoo၊ ATOM၊ Mytel စတဲ့ ဆက်သွယ်ရေးအော်ပရေတာတွေရဲ့ ဖုန်းနဲ့ အင်တာနက်လိုင်း ဖြတ်တောက်ထားတာ ယနေ့ ဇူလိုင်လ၊၂၁ရက်နေ့တွင် တစ်နှစ်ပြည့်ပြီဖြစ်ကြောင်း မြစ်ကြီးနားဒေသခံများ ပြောပြချက်အရ သိရသည်။


လက်ရှိတွင် မြစ်ကြီးနားမြို့အပါအဝင် တစ်ခြားသောမြို့နယ်များတွင်လည်း Mytel MPT နှင့် ATOM ဖုန်းလိုင်းများပြန်ရနေပြီဖြစ်သော်လည်း ဖုန်းလိုင်းကောင်းမွန်စွာမရရှိသေးပဲ (Online) အင်တာနက်အသုံးပြုလိုသူများအနေဖြင့် Starlink wifi ဖြင့်သာ အသုံးပြုနေကြရကြောင်း မြစ်ကြီးနား ဒေသခံများက ပြောသည်။


“အခုချိန်မှာ MPT,ATOM နဲ့ Mytel ဖုန်းလိုင်းတွေပြန်ရနေပြီဖြစ်ပေမဲ့ အကောင်းကြီးတော့ မဟုတ်သေးဘူး မြို့တွင်းနေရာလောက်တွေမှာဘဲ ဖုန်းလိုင်းကောင်းတာ အင်းတာနက်က မရသေးဘူး starlink wifi ဘဲသုံးကြတာ" ဟုမြစ်ကြီးနား ဒေသခံတစ်ဦးက ပြောသည်။


ယခုကဲ့သို့ ဖုန်းနဲ့အင်တာနက်လိုင်း အဆက်အသွယ်များ ပြတ်တောက်နေမှုသည် ပြည်သူများ နေ့စဥ်လုပ်ငန်း​ဆောင်ရွက်ရာတွင် များစွာအခက်ခဲများရှိ​နေကြောင်းလည်း သိရသည်။


ကချင်ပြည်နယ်တွင် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့ကစပြီး မြစ်ကြီးနားမြို့အပါအဝင် ကချင်ပြည်နယ်က မြို့နယ်အများအပြားတွင် MPT,ATOM,Ooredoo၊ နှင့် Mytel စတဲ့ အော်ပရေတာတွေရဲ့ ဖုန်းနဲ့ အင်တာနက်လိုင်းတွေကို စစ်ကောင်စီဘက်က ရက်အကန့်အသတ်မရှိဖြတ်တောက်ခဲ့ခြင်း ဖြစ်သည်။


သတင်း-ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page