ကချင်ပြည်နယ် အတွင်း အင်တာနက်လိုင်း ဖြတ်တောက်ခံရမှု ၅ရက်မြောက်နေ့ Atom ဆင်းကဒ်တစ်ခုသာ ပြန်လည်ဖွင့်ပေး
- Pajau Media

- Dec 12, 2023
- 1 min read
ပါဂျောင်မီဒီယာ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်အချို့အတွင်း အင်တာနက်လိုင်း မရရှိသည်မှာ အတော်အတန် ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး ယနေ့ ဒီဇင်ဘာလ ၁၂ရက်နေ့တွင် Atom ဆင်းကဒ်တစ်ခုသာ ပြန်လည်ဖွင့်ပေးခဲ့ကြောင်း သိရသည်။
လူဦးရေ ၅သန်းဝန်းကျင်ခန့် ရှိသည့် ကချင် ပြည်နယ် ဒေသခံများ အင်တာနက်မရရှိမှုနှင့် ၄င်းအင်တာနက်လိုင်း ဖြတ်တောက်ခံရမှုကြောင့် စီး ပွားရေးလုပ်ငန်း အဆင်မပြေမှု များစွာကို ရင်ဆိုင်ခဲ့ကြရသည်ဟု ဆိုသည်။
လက်ရှိမှာ မြန်မာနိုင်ငံရှိ Atom, Mytel, Oredoo၊ MPT အော်ပရေတာများနှင့် လုပ်ကိုင်နေသော စီးပွားရေးများလည်း ငွေသွင်းငွေထုတ် လုပ်ငန်း များစွာ ထိခိုက်နစ်နာနေကြရပြီး၊ ကမ်းရိုးတန်းဖုန်းဖြစ်သော CDMA -800MHZသာ ဖုန်းလိုင်းအားဖြင့် ဆက်သွယ်နိုင်ကာ အင်တာနက် 3G network ရရှိနေသည်ဟု ပြောသည်။
၄င်းဖုန်းအမျိုးအစားအား ဝယ်ယူရသည့် ဈေးနှုန်းမှာ SIM Card အပါအဝင် ကုန်ကျစရိတ် ၃သိန်းအထက်မှ ဝယ်ယူကာ 1MBလျှင် ၆ကျပ်နှုန်းဖြင့် အင်တာနက် သုံးစွဲရပြီး အခြေခံလူတန်းစားများ သုံးစွဲနိုင်ရန်ပင် များစွာ ခက်ခဲလျှက်ရှိသည်ဟု ကိုယ်တိုင်ဝယ်ယူ သုံးစွဲသူ ဒေသခံတစ်ဦး ပြောပြချက်အရ သိရသည်။
မြစ်ကြီးနားမြို့ပေါ်အတွင်း ၄င်းSIM Card ဝယ်ယူနိုင်ရန်ပင် ဆိုင်တစ်ဆိုင်တွင်သာ ရောင်းချပေးနေပြီး တစ်ရက်လျှင် ၁၂ကဒ်မှ ၁၄ကဒ်အထိ ရောင်းချနေရကြောင်း သိရှိရသည်။
ကချင်ပြည်နယ်အတွင်း အင်တာနက်လိုင်း ဖြတ်တောက်ခံရသည်မှာ နိုဝင်ဘာ ၇ရက်နေ့မှစ၍ နှစ်လနီးပါးအထိ ကြာမြင့်လာခဲ့ပြီ ဖြစ်ပြီး ဖုန်းပြောရန်ပင် အနည်းငယ်အဆင်ပြေနေပြီး၊ အင်တာနက်အသုံးပြုရန်မှာ Atom ဆင်းကဒ်တစ်ခုသာ အနည်းငယ်အဆင်ပြေနေခဲ့ ခြင်းဖြစ်သည်။
ထို့အပြင် ဒီဇင်ဘာ ၇ရက်နေ့ ညနေပိုင်းမှ အဆုံးထိ ပိတ်လိုက်သည့် Atom ဆင်းကဒ် အင်တာနက်လိုင်းမှာ ယနေ့ ၅ရက်မြှောက် ၁၂ရက်နေ့ ညနေပိုင်းမှာ ပြန်လည်ဖွင့်ပေးခဲ့ပြီး၊ မည်သည့်ရက် ပြန်လည်ပိတ်ပင်လိုက်မည်ကို စိုးရိမ်တစ်ကြား စောင့်ကြည့်နေကြရသည်ဟု မြစ်ကြီးနား ဒေသခံများက ပြောသည်။




Comments