ကချင်ပြည်နယ်အပါအဝင် စစ်ကိုင်း၊ မန္တလေးနှင့်နေပြည်တော်မှ တက္ကသိုလ်ဝင်တန်းကျောင်းသား/သူများ စာမေးပွဲပြန်လည်ဖြေဆိုရမည်
- Pajau Media

- Apr 22
- 1 min read
ပါဂျောင်မီဒီယာ။
၂၂ရက်၊ဧပြီ၊၂၀၂၅။

မြန်မာနိုင်ငံတွင် မတ်လ (၂၈) ရက်နေ့၌ ဖြစ်ပွားခဲ့သောအင်အားပြင်းငလျင်ဒဏ်ကြောင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာများ မီးလောင်ပျက်စီးခဲ့သည့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်နှင့်ကချင်ပြည်နယ်မှ ကျောင်းသား၊ ကျောင်းသူများ ဇွန်လ(၁၆) ရက်နေ့တွင် စာမေးပွဲ ပြန်လည်ဖြေဆိုရမည်ဖြစ်ကြောင်းစစ်ကောင်စီကထုတ်ပြန်ကြေငြာခဲ့သည်။
စာမေးပွဲပြန်လည်ဖြေဆိုမည့်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားကို ဇွန်လ (၁) ရက်မှ (၁၅) ရက်အထိ သက်ဆိုင်ရာစာစစ်ဌာနများတွင် ထုတ်ယူနိုင်ကြောင်းကိုလည်းဖော်ပြထားသည်။
ငလျင်ကြောင့် မန္တလေးတက္ကသိုလ်ပင်မအဆောင်မီးလောင်ကျွမ်းခဲ့ရပြီး မီးလောင်မှုကြောင့် ပျက်စီးခဲ့သည့်အဖြေလွှာများတွင် ကချင်ပြည်နယ်မှ ကျောင်းသူ/သား (၈၆၉၉) ဦး၏ အဖြေလွှာများ အပါအဝင် စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းမှ စုစုပေါင်း ကျောင်းသား ခြောက်သောင်းကျော်၏ အဖြေလွှာများ ပါဝင်ခဲ့သည်။
မတ်လ (၂၈) ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် မန္တလေးတက္ကသိုလ်ပင်မအဆောင်ကို ပို့ဆောင်ထားသော မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်နဲ့ ကချင်ပြည်နယ်မှ ကျောင်းသား၊ ကျောင်းသူ (၆၂၉၅၄) ယောက် ဖြေဆိုထားသော အဖြေလွှာ ၄ သိန်းနီးပါး မီးလောင်ဆုံးရှုံးခဲ့ကြောင်းစစ်ကောင်စီက ထုတ်ပြန်ဖော်ပြထားသည်၊၊
သတင်း-ဖရိန်း










Comments