top of page

ကချင်ပြည်နယ် အပါအဝင် တိုင်းနှင့်ပြည်နယ် ၃ခုတွင် မိုးသက်လေပြင်း တိုက်ခိုက်နိုင်ကြောင်း မိုးဇလထုတ်ပြန်

  • Writer: Pajau Media
    Pajau Media
  • Apr 20
  • 1 min read

ပါဂျောင်မီဒီယာ

၂၀ရက်၊ဧပြီ၊၂၀၂၆။


ကချင်ပြည်နယ်အပါအဝင် စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းနေပြီး၊ အဆိုပါ မိုးတိမ်တောင်ကြောင့် မိုးရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့် ထူးခြားမိုးလေဝသဖြစ်စဉ်များကို သတိပြုကြရန် မိုးဇလက ယနေ့ထုတ်ပြန်လိုက်သည်။


အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ လမ်းကြောင်းတလျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်း စသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်သတိပြုကြရန် မိုးဇလက အကြံပြုထားသည်။


ထို့အပြင် နောက်နှစ်ရက်အတွင်း ကချင်ပြည်နယ်အပါအဝင် စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တနင်္သာရီတိုင်း၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးရွာနိုင်ကြောင်း ထပ်မံဖော်ပြထားသည်။


ပြည်သူများအနေဖြင့် ကွင်းပြင်များတွင် အလုပ်လုပ်ခြင်း၊ သစ်ပင်များနှင့် ဓာတ်တိုင်အောက်သို့ သွားရောက်ခြင်း၊ နေအိမ်များ၊ စာသင်ကျောင်းများနှင့် စစ်ဘေးရှောင်စခန်းများကို ကြံ့ခိုင်မှုရှိစေရေး ပြင်ဆင်ဆောင်ရွက်ကြရန်နှင့် လေပြင်းတိုက်ခတ်ပါက အဆောက်အအုံအတွင်း နေထိုင်ကြရန်လည်း တိုက်တွန်းထားသည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page