top of page

ကချင်ပြည်နယ် အပါအဝင် မြို့နယ် (၆၃) မြို့နယ်ကို စစ်အုပ်ချုပ်ရေးအမိန့် ကြေညာ

  • Writer: Pajau Media
    Pajau Media
  • Aug 1, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၁ရက်၊ သြဂုတ်၊ ၂၀၂၅။


တိုင်းဒေသကြီးနှင့် ပြည်နယ် ၉ ခုမှ မြို့နယ် (၆၃) မြို့နယ်ကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံ‌ရေးကောင်စီက အရေးပေါ်အခြေအနေအဖြစ် ထုတ်ပြန်ကြေညာလိုက်ရာ ကချင်ပြည်နယ်မှ မြို့နယ် (၅) မြို့နယ် ပါဝင်ကြောင်း ယမန်နေ့ ထုတ်ပြန်ချက်အရ သိရသည်။


အရေးပေါ်အခြေအနေ ကြေညာလိုက်သည့် ကချင်ပြည်နယ်မှ မြို့နယ် (၅) မြို့နယ်မှာ ဆွမ်ပရာဘွမ်မြို့နယ်၊ ရွှေကူမြို့နယ်၊ အင်ဂျန်းယန်မြို့နယ်၊ ဆော့လော်မြို့နယ်နှင့် ချီဖွေမြို့နယ်တို့ ဖြစ်သည်။


အဆိုပါ ထုတ်ပြန်ကြေညာချက် အမိန့်မှာ ရက်ပေါင်း ၉၀၊ သုံးလအထိ အတည်ဖြစ်ကြောင်း ထုတ်ပြန်ချက်ထဲ ဖော်ပြထားသည်။ အကြောင်းအရင်းမှာ လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းမှုများ ချုပ်ငြိမ်းစေရန်နှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို ထိရောက်စွာဆောင်ရွက်နိုင်ရန်ဟု ထုတ်ပြန်ချက်ထဲ ‌ထည့်သွင်းဖော်ပြထားသည်။


ထို့အပြင် အရေးပေါ်အခြေအနေ ကြေညာထားသည့် မြို့နယ်များတွင် စစ်အုပ်ချုပ်ရေးအမိန့်ကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ထပ်မံကြေညာလိုက်ပြီး၊ အုပ်ချုပ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေးတို့ မူလအခြေအနေကို ပြန်လည်ရောက်ရှိစေဖို့အတွက်ဟု ဖော်ပြထားသည်။


သတင်း - ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page