top of page

ကချင်လွှတ်မြောက်ရေးတပ်မတော် (KIA) မှသိမ်းပိုက်ထားသည့် တရုတ်-မြန်မာနယ်စပ်ဂိတ်များကိုပြန်လည်ဖွင့်လှစ်

  • Writer: Pajau Media
    Pajau Media
  • Dec 13, 2024
  • 1 min read

ပါဂျောင်မီဒီယာ။

၁၃ရက်၊ဒီဇင်ဘာ၊၂၀၂၄။



ကချင်ပြည်နယ်ရှိ KIA ထိန်းချုပ်ထားသောနယ်စပ်ဂိတ်များကို ယနေ့ ဒီဇင်ဘာ ၁၃ ရက်မနက်ပိုင်းမှ စတင်ကာ ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း နယ်စပ်သတင်းအရင်းအမြစ်များအရသိရသည်။


တရုတ်ဗဟိုအစိုးရ၏ဖိတ်ခေါ်မှုကြောင့် ဒီဇင်ဘာ ၈ရက်နေ့တွင် KIA / KIO ဥက္ကဌ အင်ဘန်လ ဦးဆောင်သည့်အဖွဲ့များ တရုတ်ပြည်သို့ သွားရောက်ဆွေးနွေးခဲ့ပြီးနောက် ယမန်နေ့ကစပြီး တရုတ်အစိုးရဘက်မှ ဂိတ်တစ်ချို့စတင်ဖွင့်လှစ်ခဲ့ပြီး ယနေ့မနက်တွင် KIO အစိုးရအဖွဲ့မှလည်း လိုင်ဇာ၊ မိုင်ဂျာယန်နှင့် လွယ်ဂျယ် နယ်စပ်ဂိတ်ကို ပြန်လည် ဖွင့်လှစ်ခဲ့တာဖြစ်ကြောင်း ကချင် သတင်းအရင်းမြစ်များမှ သိရသည်။


KIA ထိန်းချုပ်ထားသော နယ်စပ်ဂိတ်တစ်ချို့ဖွင့်နေပြီဖြစ်သော်လည်း ကန်ပိုက်တည်ဂိတ်နှင့်ပန်ဝါနယ်စပ်ဂိတ်များကို ဖွင့်ပေးခြင်းမရှိသေးကြောင်း ပန်ဝါဒေသခံတစ်ဦး မှပြောသည်။ ကချင်လွတ်လပ်ရေးတပ်မတော် KIAပူးပေါင်းတပ်ဖွဲ့များ၏ ထိုးစစ်ဆင်တိုက်ပွဲ ဖြစ်သည့် မတ်လ ၇ ရက်နောက်ပိုင်း ကချင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီ တပ်စခန်း တော်တော်များများအပါအဝင် မြို့တစ်ချို့နှင့်နယ်စပ်ဂိတ်များကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။



စက်တင်ဘာလ နောက်ဆုံးအပတ်မှ စတင်ခဲ့သည့် ကချင်အထူးဒေသ(၁)တိုက်ပွဲများအတွင်း တရုတ်နယ်စပ် ပန်ဝါ၊ ကန်ပိုက်တည် နယ်စပ်ဂိတ်အပါအဝင် ကချင်အထူးဒေသ(၁)တစ်ခုလုံးကို KIA ပူးပေါင်းတပ်များ သိမ်းပိုက် ထိန်းချုပ်လိုက်ပြီး တိုက်ပွဲများကြောင့် နယ်စပ်ဂိတ်များကို တရုတ်ဘက်မှ ပိတ်ထားခဲ့ပြီးနောက် ယနေ့ ဒီဇင်ဘာ ၁၃ရက် တွင်ပြန်လည်ဖွင့်လှစ်တာခဲ့ခြင်းဖြစ်ပြီး ယနေ့မနက်ပိုင်းမှစ၍ လိုင်ဇာ နယ်စပ်ဂိတ်မှ ကုန်ပစ္စည်းနှင့်လူများ ဖြတ်သန်းသွားလာနေပြီဖြစ်ကြောင်းသိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page