top of page

ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၏ ဥက္ကဌဟောင်း ဦးလညော်ဇောင်းခရားအသက်(၈၇)နှစ်ကွယ်လွန်

  • Writer: Pajau Media
    Pajau Media
  • May 15, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၁၅ရက်၊မေလ၊၂၀၂၅။



ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၏ ဥက္ကဌဟောင်း ဦးလညော်ဇောင်းခရား ယနေ့ မေလ၁၅ရက် နံနက်၇နာရီ၁၅မိနစ်အချိန်တွင် ခရစ်တော်၌ အိပ်ပျော်သွားကြောင်းသိရသည်။


ဥက္ကဌဟောင်း လညော်ဇောင်းခရားမှာကာလကြာရှည်စွာ နာမကျန်းဖြစ်ပြီးနောက် ယနေ့နံနက်ပိုင်း၌နေအိမ်တွင်သာ ဆုံးပါးသွားခြင်းဖြစ်ပြီး၊ ကွယ်လွန်ချိန်တွင် အသက်(၈၇)နှစ်အရွယ်ရှိနေပြီဖြစ်သည်။


ဦးဇောင်းခရားမှာ KIOဥက္ကဌတာဝန်ကို ၂၀၀၆ခုနှစ် ဇူလှိုင်မှ ၂၀၁၇ ဒီဇင်ဘာလအထိတာဝန်ထမ်းဆောင်ခဲ့ကာ၊ ၂၀၁၈ခုနှစ် နှစ်ဆန်းပိုင်းတွင် KIOဥက္ကဌတာဝန်မှ အနားယူခဲ့သည်။ ထို့နောက် ၎င်း၏နေရာ၌ လက်ရှိ ဥက္ကဌဗိုလ်ချုပ်ကြီး အင်ဘန်လကတာဝန်ဆက်ခံခဲ့ခြင်း ဖြစ်သည်။


၁၉၆၀ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့ပြီး၊ ၁၉၆၄ခုနှစ်တွင် KIAတပ်ဖွဲ့ထဲ စတင်ဝင်ရောက်လာကာ တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page