top of page

ကချင်အထူးဒေသ(၁) ဆိုသောသတ်မှတ်ချက်အား KIO အစိုးရအဖွဲ့မှပယ်ဖျက်ကြောင်းထုတ်ပြန်ကြေညာ

  • Writer: Pajau Media
    Pajau Media
  • Nov 28, 2024
  • 1 min read

Updated: Nov 30, 2024

ပါဂျောင်မီီဒီယာ။

၂၈ရက်၊နိုဝင်ဘာ၊၂၀၂၄။





ကချင်လွှတ်လပ်ရေးအစိုးရအဖွဲ့ KIOက ကချင်အထူးဒေသ(၁)ဟူသော သတ်မှတ်ချက်ကို ပယ်ဖျက်ကြောင်း ယနေ့ နိုဝင်ဘာ၂၈ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။


ထုတ်ပြန်ချက်ထဲတွင် ကချင်ဒေသအတွင်းရှိ တိုင်းရင်းသားပြည်သူများ စိတ်ဝမ်းကွဲမှုမရှိဘဲ အတူတကွ တန်းတူနေထိုင်ရေးအတွက် ကချင်အထူးဒေသ(၁)ဟု ခွဲခြားသတ်မှတ်ထားသော နယ်မြေများကို တပေါင်းတစည်းတည်းဖြစ်အောင် အရယူခဲ့ရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။


ဆက်လက်ပြီး ပြည်သူလူထု၏ စီးပွားရေး၊ လူမှုရေးများ ဆုံးရှုံးထိခိုက်မှုမဖြစ်စေဘဲ လူသားခြင်းစာနာ ထောက်ထားမှု အခြေခံသည့် မူဝါဒနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစွမ်းကုန် ပြန်လည်ကြိုးစား တည်ဆောက်သွားမည်ဖြစ်ကြောင်းနှင့် ကချင်အထူးဒေသ(၁) အုပ်ချုပ်မှုအောက်တွင်ရှိခဲ့သော ဌာနေပြည်သူများ၊ ရင်းနှီးမြုပ်နှံသူများအားလုံး စိုးရိမ်စိတ်မထားရှိဘဲ KIOနှင့် ပူးပေါင်းကာ ဘက်စုံဖွဲ့ဖြိုးတိုးတက်ရေးကို အတူတကွတည်ဆောက်သွားကြပါရန် ဖိတ်ခေါ်ကြောင်းလည်း ဖော်ပြထားသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page