top of page

ကချင်အထူးဒေသ(၁) ဥက္ကထဇခုန်တိန့်ယိန်း၏ ထုတ်ပြန်ချက်ကို (KIA)ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်တုံ့ပြန်

  • Writer: Pajau Media
    Pajau Media
  • Sep 10, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၀၊ ၉၊ ၂၀၂၄။



ကချင်အထူးဒေသ(၁)ရှိ နယ်ခြားစောင့်တပ်ဖွဲ့မှ ဇွန်လ၇ရက်နေ့စွဲဖြင့် ထုတ်ပြန်သည့် စစ်မိန့်ထုတ်ပြန်ချက်ကို ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်က ယနေ့စက်တင်ဘာလ၁၀ရက်နေ့တွင် “မထုန်ပြန်သင့်သော-စစ်မိန့်” ဟူ၍ လူမှုကွန်ယက်စာမျက်နာတွင် ဖော်ပြထားသည်။


 ထုတ်ပြန်ချက်ထဲတွင် နယ်ခြားစောင့်တပ်ဖွဲ့မှူးများနှင့် ဒေသလက်နက်ကိုင်ပြည်သူ့စစ် ရဲဘော်များအား မိမိတို့ဒေသကို တိုက်ခိုက်သတ်ဖြတ် ဖျက်ဆီးရန် ဝင်ရောက်တိုက်ခိုက်လာသည့် KIA နှင့် PDF ပူးပေါင်းအဖွဲ့များအား ယတိပြတ်ခုခံချေမှုန်းရန် စစ်မိန့် ပေးအပ်ခြင်းကို ဦးဇခုန်တိန့်ယိန်း-စစ်မိန့်ဖြင့်ထုတ်ပြန်ထားခြင်းဖြစ်သည်။



ထို့အပြင် KIA နှင့် PDF ကျူးကျော်လာပြီဖြစ်သဖြင့် ဆော့လော်မြို့နယ်၊ ချီဖွေမြို့နယ်၊ ကံပိုင်တည်ဒေသတွင် တာဝန်ထမ်းဆောင်နေသည့် နခစ၊ပသစ များသည် ခြေတစ်လက်မတိုင်းကို ကာကွယ်သည့် ခုခံစစ်ဆင်တိုက်ခိုက် ချေမှုန်းကြရန်၊ ရှေ့နောက်ပိတ်ပြီး တိုက်ခိုက်ချေမှုန်းကြရန်နှင့် ပြန်လည်ထွက်သွားခွင့်မပေးကြရန် စသည့် စစ်မိန့်များကိုပါ ထည့်သွင်းပြောဆိုထားသည်။


 အဆိုပါ ထုတ်ပြန်ချက်ကို ကချင်လွတ်လပ်ရေးကောင်စီ(KIC) ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က ယနေ့ စက်တင်ဘာလ ၁၀ရက်နေ့တွင် မထုတ်ပြန်သင့်သော စစ်မိန့်ဟူ၍ ပြန်လည်တုံပြန်ထားခြင်းဖြစ်သည်။

 KIA ပူးပေါင်းတပ်ဖွဲ့မှာ ပြီးခဲ့သည့် စက်တင်ဘာလ ၆ရက်နေ့တွင် (KIA)အမှတ်(၇)တပ်မဟာ၊ ပန်ဝါဒေသမှ လဂွေကျေးရွာတွင် အခြေစိုက်သည့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်စခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ထားခဲ့သည်။


 စစ်ကောင်စီလက်အောက်ခံဖြစ်သည့် ကချင်အထူးဒေသ(၁)ရှိ ပြည်သူ့စစ်တပ်ဖွဲ့များမှာ စကစအတွက် စီးပွားရှာပေးခြင်းနှင့် တပ်သားစုဆောင်းပေးခြင်းများ လုပ်ဆောင်ပေးနေသည့် အဖွဲ့အစည်းတစ်ခုလည်း ဖြစ်သည်။


Comments


Pajau Media

Thanks for subscribing!

bottom of page