ကတ်သလစ်သာသနာခေါင်းဆောင်အဖြစ် (၁၂) နှစ်တာ တာဝန်ယူခဲ့သည့်ပုတ်ရဟန်းမင်းကြီးဖရန့်စစ်ကွယ်လွန်
- Pajau Media

- Apr 21, 2025
- 1 min read
ပါဂျောင်မီဒီယာ။
၂၁ရက်၊ဧပြီ၊၂၀၂၅။

ပုတ်ရဟန်းမင်းကြီးဖရန့်စစ်သည် ယနေ့ နံနက် ၇နာရီ ၃၅မိနစ်တွင် ရောမမြို့၊ဗာတီကန်နန်းတော်၌ သက်တော်(၈၈)နှစ်တွင်ကွယ်လွန်သွားကြောင်းသိရှိရသည်။
ပုတ်ရဟန်းမင်းကြီး ဖရန့်စစ်ဟာ အဆုတ်ရောင်(နမိုးနီးယား) ရောဂါကြောင့်ပြီးခဲ့သည့်လပိုင်းက ဆေးရုံတက်ကုသမှုခံယူကာ ကျန်းမာရေး အခြေအနေပြန်လည် တည်ငြိမ်လာသဖြင့် ဗာတီကန်နန်းတော်သို့ ပြန်လည်နေထိုင်ကာ ဆေးရုံးဆင်းပြီး နှစ်ပတ်အကြာ ယနေ့ ဧပြီ၂၁ရက်နေ့တွင် ကွယ်လွန်သွားခြင်းဖြစ်သည်။
ပုတ်ရဟန်းမင်းကြီးသည် ၁၉၃၆ ဒီဇင်ဘာ ၁၇ရက် တွင် ဗျူနိုအေးရိစ်မြို့၊ အာဂျင်တီးနား နိုင်ငံတွင်ဖွားမြင်ပြီး ၊ ၂၀၁၃ ခုနှစ် တွင် ပုတ်ရဟန်းမင်းကြီးဖြစ်ကာ ပုတ်ရဟန်းမင်းကြီး ဖရန်စစ် ကတ်သလစ်သာသနာခေါင်းဆောင်အဖြစ် ၁၂ နှစ်တာ တာဝန်ယူခဲ့သည်။
ပုတ်ရဟန်းမင်းကြီး ဖရန့်စစ်သည် မြန်မာနိုင်ငံသို့ပထမဆုံးလာရောက်သော ပုတ်ရဟန်း မင်းကြီးဖြစ်ပြီး ၂၀၁၇ နိုဝင်ဘာတွင် ရန်ကုန်သို့လာရောက်လည်ပတ် ဆုတောင်းပေးခဲ့သည်။
သတင်း -ဇော်




Comments