top of page

ကန့်ကွက်မှုကြားမှ မြစ်ဆုံစီမံကိန်း ဖော်ဆောင်ရေး ၁၆ကြိမ်မြောက် ထပ်မံကျင်းပ

  • Writer: Pajau Media
    Pajau Media
  • May 7
  • 1 min read

ပါဂျောင်မီဒီယာ

၇ရက်၊မေလ၊၂၀၂၆။


ကန့်ကွက်မှုများရှိနေသော်လည်း မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ်သတ်သည့် လူထုတွေ့ဆုံဆွေးနွေးပွဲကို ကချင်ပြည်နယ်ဒေသခံကော်မတီအဖွဲ့ဝင်များနှင့် ယမန်နေ့တွင် မြစ်ကြီးနားမြို့၌ ထပ်မံတွေ့ဆုံခဲ့ကြောင်း သိရသည်။


ပြီးခဲ့သည့် မေလ၅ရက်နေ့တွင် မြစ်ဆုံစီမံကိန်း အကောင်အထည်မဖော်ရန် ကချင်ပြည်နယ် ဒေသခံများနှင့် ကချင်အရပ်ဘက် အဖွဲ့အစည်းပေါင်း ၄၉ဖွဲ့မှ ပူးပေါင်းထုတ်ပြန်ခဲ့သေးသည်။


သို့သော် မေလ၆ရက်နေ့တွင် (၁၆)ကြိမ်မြောက်အဖြစ် မြစ်ကြီးနားမြို့တွင် ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ အထောက်အကူပြုရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကချင်ပြည်နယ်ဒေသခံကော်မတီမှ ဦးဆောင်ပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးစည်းရုံးခဲ့ကြောင်း သိရသည်။


တွေ့ဆုံပွဲသို့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဒေသခံကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။


ဆွေးနွေးပွဲတွင် ဒေသခံကော်မတီဝင်များဖြစ်သည့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာအောင်ဝင်း၊ ကချင်ပြည်နယ်အင်ဂျင်နီယာအသင်းဥက္ကဋ္ဌ ဦးထွန်းထွန်းလှိုင်၊ စီးပွားရေးပညာရှင် ဦးမုန်ရိန်လနှင့် တရုတ်-မြန်မာဆက်ဆံရေးလေ့လာသူ ဦးနော်ထွဲ နှင့် ဦးဂျန်ခုန့် (ခ)ဦးနော်ခုန့် တို့က စီမံကိန်းနှင့်ပတ်သက်သည့် နည်းပညာဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြခဲ့ကြသည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page