top of page

ကန်ပိုင်တည်မြို့နယ်ခြားစောင့်တပ် အမှတ်-၁၀၀၃ ကို KIA ပူးပေါင်းတပ်ဖွဲ့မှတိုက်ခိုက်သိမ်းပိုက်

  • Writer: Pajau Media
    Pajau Media
  • Oct 22, 2024
  • 1 min read

ပါဂျောင်မီဒီယာ။

၂၂ရက်၊အောက်တိုဘာ,၂၀၂၄။



အောက်တိုဘာ ၁၅ရက်နေ့ကတည်းက စတင်ထိုးစစ်ဆင်ခဲ့သည့် စင်ကြိုင်ကျေးရွာ အခြေစိုက် နယ်ခြားစောင့်တပ်လက်အောက် အမှတ်-၁၀၀၃ တပ်ရင်းကို KIA ပူးပေါင်းတပ်က ၆ရက်အကြာတွင် အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်ထားပြီဖြစ်ကြောင်း သိရသည်။


ကံပိုင်တည်မြို့စောင့်တပ်ဖြစ်သည့် အမှတ်-၁၀၀၃ တပ်ရင်းကို KIA ပူးပေါင်းတပ်က အောက်တိုဘာ ၁၅ရက်နေ့ကတည်းက စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး၊ ၆ရက်အကြာ ယမန်နေ့ည ၅နာရီဝန်းကျင်အချိန်တွင် သိမ်းပိုက်ထားနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။


ပြီးခဲ့သည့် အောက်တိုဘာ၁၅ရက်နေ့တွင် နယ်ခြားစောင့်တပ် ၁၀၀၂တပ်ရင်းကို KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ထားခဲ့ပြီးနောက် ၁၀၀၃ တပ်ရင်း ကိုလည်း ထပ်မံ ထိုးစစ်ဆင်ကာ သိမ်းပိုက်ထားခဲ့ခြင်း ဖြစ်သည်။


လက်ရှိတွင် နယ်ခြားစောင့်တပ်လက်အောက် အမှတ်-၁၀၀၁တပ်ရင်းတစ်ခုသာ ကျန်ရှိနေခြင်းဖြစ်ပြီး၊ ကျန်အမှတ် ၁၀၀၂၊၁၀၀၃တပ်ရင်းဒေသများတွင် KIA ဘက်က အလုံးစုံ ထိန်းချုပ်ထားပြီးဖြစ်သည်။


ထို့အပြင် နယ်ခြားစောင့်တပ်၏ ဌာနချုပ်ဒေသဖြစ်သည့် ပန်ဝါမြို့ကိုလည်း အောက်တိုဘာ၁၈ရက်နေ့တွင် KIAဘက်က အပြီးတိုင် သိမ်းပိုက်ပြီး KIO အုပ်ချုပ်ရေးယန္ဒယားများပါ စတင်နေပြီဖြစ်ကြောင်း သိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page